Connect with us

Asia

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ခီရှီဒါ ရာထူးမှနုတ်ထွက်မည်ဖြစ်ကာ အာဏာရပါတီ၏ ဥက္ကဋ္ဌရွေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်နေအိမ်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်က ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါကို တွေ့ရစဉ် (ဓာတ်ပုံ - Toru Hanai/Pool via Xinhua)

တိုကျို၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါသည် လာမည့်လတွင် ပြုလုပ်မည့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌရွေးပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဒေသတွင်းမီဒီယာများက ဩဂုတ် ၁၄ ရက်၌ သတင်းဖော်ပြခဲ့သည်။
LDP ပါတီအတွင်း ရန်ပုံငွေအလွဲသုံးစားမှုများပြုလုပ်ကြောင်း ဝေဖန်မှုမြင့်မားလာခြင်းနှင့် ထောက်ခံမှုနှုန်းများ ကျဆင်းခြင်းတို့ကို ရင်ဆိုင်ခဲ့ရသော ခီရှီဒါအနေဖြင့် ဝန်ကြီးချုပ်အဖြစ် ရာထူးမှနုတ်ထွက်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲကို ဒေသစံတော်ချိန် နံနက် ၁၁:၃၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Japan PM Kishida to step down, not running in ruling party presidential election
TOKYO, Aug. 14 (Xinhua) — Japanese Prime Minister Fumio Kishida has decided that he will not run in the presidential election of the ruling Liberal Democratic Party (LDP) next month, according to local media reports on Wednesday.
The move means Kishida, faced with mounting criticism over LDP slush fund scandals and declining approval ratings, will step down as prime minister.
A press conference will be held at 11:30 a.m. local time.
Photo: Japan’s new Prime Minister Fumio Kishida speaks during a press conference at prime minister’s official residence in Tokyo, Japan, on Oct. 4, 2021. (Toru Hanai/Pool via Xinhua)