Connect with us

Asia

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ပေထွန်ထန် ရှင်နာဝပ်ထရာ ရွေးချယ်တင်မြှောက်ခံရ

ထိုင်းနိုင်ငံ၏ ဖြူထိုင်းပါတီခေါင်းဆောင် ပေထွန်ထန် ရှင်နာဝပ်ထရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၏ ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ကျောထောက်နောက်ခံပေးထားသည့် ကိုယ်စားလှယ်လောင်း ပေထွန်ထန် ရှင်နာဝပ်ထရာသည် ပါလီမန်မဲခွဲဆုံးဖြတ်မှုအတွင်း လိုအပ်သော ထောက်ခံမဲအရေအတွက်ကို ရရှိခဲ့ပြီးနောက် ဩဂုတ် ၁၆ ရက်တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ယခုသီတင်းပတ် အစောပိုင်း၌ ကျင့်ဝတ်သိက္ခာပိုင်း ချိုးဖောက်မှုဖြင့် ယခင်ဝန်ကြီးချုပ် ဆေထာထဝီဆင်အား ရာထူးမှဖယ်ရှားရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အမိန့်ချခဲ့ပြီးနောက်တွင် ပြုလုပ်ခဲ့သည့် ပါလီမန်မဲခွဲဆုံးဖြတ်မှုအတွင်း ပေထွန်ထန်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံရသည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သည်။

ပေထွန်ထန်သည် လက်ရှိလွှတ်တော်အမတ်ဦးရေ ၄၉၃ ဦးအနက် ၃၁၉ ဦး၏ ထောက်ခံမဲကို ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ရန် လိုအပ်သော မဲအရေအတွက်ထက် ကျော်လွန်ရရှိခဲ့ကြောင်း နှစ်နာရီနီးပါးကြာမြင့်သော မဲခွဲဆုံးဖြတ်မှုအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဝမ်မိုဟာမက် နူအာမာသာက ကြေညာခဲ့သည်။

၎င်းသည် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်နှင့် နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာရန် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ တရားဝင်ခန့်အပ်မှုကို စောင့်ဆိုင်းရမည်ဖြစ်သည်။

ဩဂုတ် ၁၅ ရက်တွင် ညွန့်ပေါင်းအစိုးရက ၎င်းအား ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုကြောင်း အတည်ပြုခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ အငယ်ဆုံးသမီးဖြစ်လည်းဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဖြူထိုင်းပါတီခေါင်းဆောင် ပေထွန်ထန်က စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် အာဏာရ ညွန့်ပေါင်းအစိုးရ၏ အခိုင်အမာစိတ်ပိုင်းဖြတ်မှုကို မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
1st LD Writethru: Paetongtarn Shinawatra elected as Thailand’s new PM
BANGKOK, Aug. 16 (Xinhua) — Paetongtarn Shinawatra, a candidate backed by Thailand’s Pheu Thai-led coalition, was elected as the country’s new prime minister on Friday after winning a simple majority in a parliamentary vote.
Paetongtarn was the only candidate nominated to be the new prime minister during the parliamentary vote, which came following a court-ruled dismissal of then Prime Minister Srettha Thavisin in an ethics violation case earlier this week.

After a roll call vote that lasted nearly two hours, President of the National Assembly Wan Muhamad Noor Matha announced that Paetongtarn received 319 votes of support out of the current 493 legislators, more than the simple majority required for approval.

She will be pending formal appointment by Thai King Maha Vajiralongkorn to become the second female premier and the youngest one in the Southeast Asian country.

The 37-year-old Pheu Thai Party leader, also the youngest daughter of former Prime Minister Thaksin Shinawatra, highlighted the ruling coalition’s resolution in addressing the economic challenges on Thursday after the coalition confirmed her nomination. Enditem
BEIJING, Aug. 16, 2024 (Xinhua) — Paetongtarn Shinawatra, leader of Thailand’s Pheu Thai Party, attends a press conference in Bangkok, Thailand, Aug. 15, 2024.