Asia
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ သုံးဦး တွေ့ရှိထားပြီး ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများတွင် အထူးသတိပေးတပ်လှန့်ထား
အစ္စလာမ်မာဘတ်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Khyber Pakhtunkhwa ပြည်နယ်တွင် နှစ်ရက်အတွင်း မျောက်ကျောက်ရောဂါ (mpox) ကူးစက်ဖြစ်ပွားသူ သုံးဦးထက်မနည်း တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၆ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။ဩဂုတ် ၁၅ ရက်တွင် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး၌လည်းကောင်း၊ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် နောက်ထပ်နှစ်ဦး၌လည်းကောင်း၊ ရောဂါကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း သုံးဦးရှိလာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးရုံး၏ ပြည်သူ့ကျန်းမာရေး ညွှန်ကြားရေးမှူး အာရှက် ရိုဂါနီက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော မျောက်ကျောက်ရောဂါ ကူးစက်မှုကို အရှေ့အလယ်ပိုင်းဒေသ၌ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ပြန်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုသည်။
စတုတ္ထမြောက် သံသယလူနာသည် အရေပြားဆိုင်ရာ ပြဿနာကြောင့် ဆေးရုံ၌ သွားရောက်ပြသခဲ့ပြီးနောက် ယင်းလူနာထံမှ ရယူထားသည့် ဓာတ်ခွဲနမူနာများကို စစ်ဆေးအတည်ပြုရန် ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
Khyber Pakhtunkhwa ပြည်နယ်တွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီးနောက် လူနာသုံးဦးစလုံးအား သီးသန့်ခွဲထားပြီး ဆေးရုံအားလုံးနှင့် အခြားဆက်စပ်အဆောက်အအုံများ၌ သတိပေးနှိုးဆော်ထားသည်ဟု ရိုဂါနီ၏ အဆိုအရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါအား ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံ၏ အမျိုးသားကျန်းမာရေး အင်စတီကျု (NIH) က အဆိုပါရောဂါအား တိုက်ဖျက်ရေးအတွက် အသင့်ပြင်ဆင်မှုများကို အသေအချာလုပ်ဆောင်ရန် ဩဂုတ် ၁၅ ရက်က သတိပေးချက်ထုတ်ပြန်ခဲ့သည်။ပါကစ္စတန်နိုင်ငံထဲသို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်အားလုံးကို စောင့်ကြည့်မှုများ တိုးမြှင့်ထားရန်လည်း နယ်စပ်ဒေသရှိ ကျန်းမာရေးဌာနများကို ညွှန်ကြားထားသည်ဟု NIH ၏ အဆိုအရ သိရသည်။ (Xinhua)
—————————–
(English Version)
3 mpox cases detected, health facilities on high alert in NW Pakistan
At least three cases of mpox have been detected in two days in Pakistan’s northwest Khyber Pakhtunkhwa province, a health official told Xinhua on Friday.
The director of public health at the provincial directorate-general health services, Irshad Roghani, said that one case was detected in a 34-year-old male on Thursday and two others were confirmed on Friday morning, taking the country’s overall tally in 2024 to three.
The viral infection was detected in the patients on their arrival from the Middle East where they worked, the official said.
He added that samples of the fourth suspect had been sent to a laboratory for confirmation after the patient visited a hospital for skin-related issues.
According to the director, all three patients were being quarantined and all hospitals and other related facilities had been put on alert after confirmation of the disease in the province.
After the World Health Organization declared mpox a global public health emergency, Pakistan’s National Institute of Health (NIH) issued an advisory on Thursday to ensure preparedness to deal with mpox.
The NIH said that border health services have been directed to enhance monitoring at all entry points of the country. Enditem