Connect with us

Asia

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးတွဲဆောင်ရွက်ရန် သဘောတူ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း စသည့်နိုင်ငံများက တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ သတင်းအချက်အလက်ဆွေးနွေးဖလှယ်ခြင်းအစည်းအဝေးကို ဩဂုတ် ၁၆ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ကာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများဆိုင်ရာ ဆွေးနွေးခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လုံခြုံရေးသည် နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ချက်နှင့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ လက်ရှိတွင် ဒေသတွင်း လုံခြုံရေးအခြေအနေမှာ ရှုပ်ထွေးသော အပြောင်းအလဲများ၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နေဆဲဖြစ်ပြီး လူမှုတည်ငြိမ်ရေးနှင့် နိုင်ငံပုံရိပ်ကို ထိခိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဒေသတွင်းရှိ နိုင်ငံများက ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးတွဲအားထုတ်ဆောင်ရွက်ကြခြင်းဖြင့်သာ မှုခင်းဖြစ်ပွားမှုမြင့်မားနေခြင်းကို ထိထိရောက်ရောက်မြေလှန်ပစ်နိုင်မည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။

တရုတ်နိုင်ငံက အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံများမှ အပြုသဘော တုံ့ပြန်မှုများ ရရှိထားပြီးဖြစ်သည်ဟု ဝမ်က ပြောခဲ့သည်။ ထို့ပြင် အချုပ်အခြာအာဏာဆိုင်ရာ အပြန်အလှန်လေးစားမှုပေါ် အခြေခံ၍ လေးနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များစွာကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နှစ်အတွင်း အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု၌ ပါဝင်သူ ၅၀,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဝမ်က ဖြည့်စွက်ပြောခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်ကို လမ်းညွှန်အဖြစ်ထားရှိလျက် တရုတ်နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများနှင့်အတူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေးနှင့် ၎င်းတို့၏ အမိမြေများ ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး ပူးတွဲကြိုးပမ်းဆောင်ရွက်ရန် အတူတကွလုပ်ဆောင်လိုကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China, Laos, Myanmar, Thailand agree to step up joint efforts to combat cross-border crimes
BANGKOK, Aug. 16 (Xinhua) — China, Laos, Myanmar and Thailand discussed cross-border crimes Friday at the Informal Discussion Between the Foreign Ministers of China, Laos, Myanmar and Thailand in Chiang Mai, Thailand.
Chinese Foreign Minister Wang Yi said that security is the prerequisite and foundation for the development of all countries. At present, he said, the security situation in the region is undergoing complex changes, and cross-border crimes such as online gambling and telecom fraud have persisted, jeopardizing the safety of people’s lives and property, and affecting social stability and national image.
Only when countries in the region step up their joint efforts to combat these crimes can the high incidence of criminal offenses be effectively reversed, said Wang.
He said the China-proposed Global Security Initiative has received positive responses from countries including Laos, Myanmar and Thailand. On the basis of mutual respect for sovereignty, the four countries have jointly carried out a series of activities to combat cross-border crimes and arrested more than 50,000 people involved in gambling and fraud since last year, Wang added.
Taking the Global Security Initiative as a guide, China is willing to work with other countries to increase joint efforts to crack down on cross-border crimes and safeguard the tranquility of their homelands.
Photo: The Informal Discussion Between the Foreign Ministers of China, Laos, Myanmar and Thailand is held in Chiang Mai, Thailand, Aug. 16, 2024. (Xinhua/Sun Weitong)