Connect with us

Agriculture

မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းမှုကြောင့် မိုးစပါးစိုက်ပျိုးဧက တစ်သန်းနီးပါးထိခိုက်

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ စပါးခင်းတစ်ခုတွင် အလုပ်လုပ်နေသော လယ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးဧရိယာ ဧက တစ်သန်းနီးပါး ‌ရေလွှမ်းမှုဒဏ်ခံခဲ့ရကြောင်း နိုင်ငံပိုင်သတင်းစာက ဩဂုတ် ၁၆ ရက်၌ သတင်း၌ဖော်ပြထားသည်။ယင်းအနက် အချို့ရေကျသွားသောနေရာများ၊ ‌ရေပြန်ပေါ်သွားသည့်နေရာများရှိ စပါးခင်းများ၌ ပြန်လည်စိုက်ပျိုးရန် မလိုအပ်သော်လည်း တချို့နေရာများတွင်မူ ပြန်လည်စိုက်ပျိုးရန်လိုအပ်ကြောင်း သတင်းအရ သိရသည်။ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြန်လည်စိုက်ပျိုးရန်လိုအပ်သော စပါးခင်းများကို မျိုးစေ့များနှင့် ဓာတ်မြေဩဇာများ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ရန်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လနှင့် ဩဂုတ်လအစောပိုင်းကာလများတွင် နေရာအနှံ့အပြား ရေကြီးရေလျှံမှု ခံစားရလေ့ရှိပြီး လူအမြောက်အမြား ရေဘေးလွတ်ရာသို့ နေရပ်ရွှေ့ပြောင်းနေထိုင်ရသလို သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း နှောင့်နှေးခဲ့ရသည်။မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ချောင်းများ၏ ရေမျက်နှာပြင်မြင့်တက်ခြင်းများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။မြန်မာနိုင်ငံ၌ မိုးလယ်ကာလဖြစ်သော ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်းထန်စွာရွာသွန်းလေ့ရှိကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Nearly 1 mln acres of monsoon paddy affected by floods in Myanmar
YANGON, Aug. 16 (Xinhua) — Nearly 1 million acres of monsoon paddy fields in Myanmar were affected by floods this year, the official daily The Mirror reported on Friday.
Some of the paddy fields need to be recultivated, while others, once the water recedes, will not require recultivation, the report said.
The Myanmar Rice Federation is working to support the paddy fields that need to be recultivated with seeds and fertilizers, it said.
Myanmar experienced widespread flooding in many areas in July and early August, displacing thousands of people, affecting paddy fields, and disrupting transportation.
Heavy rains and rising water levels in rivers and creeks caused flooding in the Southeast Asian country.
In Myanmar, heavy rains are typical in July and August, the middle of the rainy season.
Photo: A farmer works in a paddy field at Dala Township in Yangon, Myanmar, July 13, 2023. (Photo by Myo Kyaw Soe/Xinhua)