Connect with us

Europe

ပိုလန်နိုင်ငံက ယူကရိန်းနိုင်ငံကိုကျော်၍ ဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် ကြိုးပမ်းမည်ဆိုလျှင် ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု ရုရှား သတိပေး

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားအထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးအား ရုရှားသမ္မတ ဗလာတီမာပူတင် နှစ်ပတ်လည်မိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံနေဖြင့် ယူကရိန်းနိုင်ငံကိုကျော်၍ ရုရှား၏ဒုံးကျည်များအား ကြားဖြတ်ပစ်ချရန် ကြိုးပမ်းမည်ဆိုလျှင် ရုရှားနိုင်ငံက ပြတ်ပြတ်သားသား တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှားအဆင့်မြင့်သံတမန်တစ်ဦးက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံကိုကျော်၍ ရုရှား၏ တာဝေးပစ်ဒုံးလက်နက်များအား ကြားဖြတ်ပစ်ချရန် ပိုလန်နိုင်ငံ၏ ကြိုးပမ်းမှုမှန်သမျှသည် ခိုင်မာပြတ်သားသည့် တုံ့ပြန်မှုနှင့် ကြုံရလိမ့်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ သတင်းဌာနတစ်ခုဖြစ်သော RIA Novosti နှင့် အင်တာဗျူးတစ်ခု၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အမှတ်-၃ ဥရောပရေးရာဌာန ညွှန်ကြားရေးမှူး အိုလက် တီယက်ကင်က ပြောကြားခဲ့သည်။

ပဋိပက္ခတွင် ယူကရိန်းဘက်မှ အနောက်နိုင်ငံများ၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုနှင့် ဆက်နွှယ်နေသော အန္တရာယ်ကိုလည်း တီယက်ကင်က မီးမောင်းထိုးပြခဲ့ပြီး ယင်းသဘောထားကို ထပ်တလဲလဲ အလေးအနက်ထား ပြောဆိုခဲ့သည်။ ထိုကိစ္စရပ်နှင့်ပတ်သက်၍ မည်သူနှင့်မှ ဆွေးနွေးညှိနှိုင်းနေခြင်းမရှိကြောင်း၊ ရုရှားနိုင်ငံ၏ သဘောထားကို ပိုလန်နိုင်ငံသာမက မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) ကလည်း သိရှိထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပိုလန်အနေဖြင့် ယူကရိန်းနိုင်ငံကိုကျော်၍ ရုရှား၏ဒုံးကျည်များကို ပစ်ချမည့် ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ စဉ်းစားနေသည်ဟု ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော ဆီကောစကီးက အစောပိုင်းတွင် ပြောကြားထားသည်။ (Xinhua)

———————————–
(English Version)
Russia warns of consequences if Poland attempts to intercept missiles over Ukraine
MOSCOW, Aug. 19 (Xinhua) — Russia will respond decisively if Poland attempts to intercept Russian missiles over Ukraine, a high-level Russian diplomat said on Monday.

Any efforts by Poland to intercept Russia’s long-range weapons over Ukraine would be met with a “concrete and adequate” response, said Oleg Tyapkin, director of the Third European Department at the Russian Foreign Ministry, in an interview with Russia’s RIA Novosti news agency.

Tyapkin highlighted the risks associated with direct involvement by Western countries in the conflict on the side of Ukraine, a stance that Russian diplomacy has repeatedly underscored. Tyapkin also clarified that no negotiations on this matter are being held with any parties, adding that Russia’s position is known to both Warsaw and the North Atlantic Treaty Organization (NATO).

Russian President Vladimir Putin delivers the annual address to the Federal Assembly, in Moscow, Russia, on Feb. 29, 2024. (Xinhua/Cao Yang)