Connect with us

North America

သမ္မတဘိုင်ဒန်ထံ ပေးစာတွင် အမေရိကန်အစိုးရ၏ ကြားဝင်စွက်ဖက်မှုကို မက္ကဆီကိုသမ္မတ ပြင်းထန်စွာဝေဖန်

မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးရှိ National Palace ၌ ပြုလုပ်သည့် နံနက်ခင်း သတင်းစာရှင်းလင်းပွဲအတွင်း မက္ကဆီကိုသမ္မတ အန်ဒရေစ် မန်နျူရယ် လိုပက်ဇ် အော်ဘရာဒေါ တုံ့ပြန်ဖြေကြားနေပုံကို ၂၀၂၂ ခုနှစ် ဇွန် ၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
အတိုက်အခံတို့ ထိန်းချုပ်ထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုအား ငွေကြေးထောက်ပံ့နေခြင်းကဲ့သို့ မက္ကဆီကိုနိုင်ငံ၏ ပြည်တွင်းရေးတွင် အမေရိကန်အစိုးရဌာနများက ကြားဝင်စွက်ဖက်နေမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထံ ပေးစာတစ်စောင်၌ မက္ကဆီကိုသမ္မတ အန်ဒရေစ် မန်နျူရယ် လိုပက်ဇ် အော်ဘရာဒေါက ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံမှ NGO အဖွဲ့အစည်းတစ်ခုဖြစ်သော Mexicans Against Corruption and Impunity အား အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့နေခြင်းကို ပြစ်တင်ဝေဖန်ထားသော ဩဂုတ် ၁၆ ရက် နေ့စွဲဖြင့် သမ္မတဘိုင်ဒန်ထံ ပေးပို့ခဲ့သည့် စာတစ်စောင်ကို ဩဂုတ် ၁၉ ရက်က ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတအော်ဘရာဒေါက ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ NGO အဖွဲ့အစည်းသည် မက္ကဆီကိုအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်နေသည့် အတိုက်အခံအဖွဲ့အစည်းဖြစ်သည်။

“အဲဒီလုပ်ငန်းစဉ်ဟာ လုံးဝကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး အချုပ်အခြာအာဏာကို လေးစားတဲ့ ဆက်ဆံရေးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်” ဟု အဆိုပါပေးစာတွင် မက္ကဆီကိုသမ္မတက ရေးသားထားကြောင်း သိရသည်။
ထိုသို့သော ကြားဝင်စွက်ဖက်မှုမျိုးကို အစဉ်တစိုက်ဆန့်ကျင်သည်ဟု သမ္မတဘိုင်ဒန်အား သတိပေးခဲ့ကြောင်း၊ ယင်းလုပ်ဆောင်မှုများကို အထောက်အပံ့ပေးနေသော အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (United States Agency for International Development) ၏ လုပ်ရပ်များ ရပ်တန်းကရပ်ရေးအတွက် အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကြားဝင်မစွက်ဖက်ရေးနဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မူဝါဒလမ်းစဉ်ကို ခြိမ်းခြောက်နေတဲ့ အဲဒီနစ်နာမှုကို အဆုံးသတ်နိုင်ဖို့ ကျွန်တော် တစ်ခုခုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

စက်တင်ဘာလကုန်၌ သမ္မတသက်တမ်းကုန်ဆုံးမည့် လိုပက်ဇ်အော်ဘရာဒေါသည် ၎င်း NGO အဖွဲ့အစည်း အမေရိကန်နိုင်ငံမှ ငွေကြေးအထောက်အပံ့များ ရယူနေသည့်အပေါ် စိုးရိမ်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားသည်။ (Xinhua)
…………………………
(English Version)
Mexican president slams U.S. gov’t meddling in letter to Biden
MEXICO CITY, Aug. 19 (Xinhua) — Mexico’s President Andres Manuel Lopez Obrador, in a letter to his American counterpart Joe Biden, denounced the “interference” of U.S. government agencies in Mexico’s domestic affairs, particularly their financing of an opposition-controlled non-governmental association (NGO).

During his daily press conference on Monday, Lopez Obrador presented a letter dated Aug. 16, in which he condemned the U.S. government for financially supporting a Mexican NGO, Mexicans Against Corruption and Impunity, which has been a vocal critic of his administration.

“This procedure is completely offensive and contrary to relations respectful of sovereignty,” the president wrote in the letter.

Lopez Obrador also reminded Biden of his consistent opposition to such interference and urged him to take action to halt the activities of the United States Agency for International Development that supports these practices.

“Hopefully I can do something to stop this grievance that threatens our constitutional principle of non-intervention and self-determination of peoples,” he said.

Lopez Obrador, whose term concludes at the end of September, has repeatedly raised concerns about the financial support the NGO has been receiving from the United States. Enditem
Mexican President Andres Manuel Lopez Obrador reacts during his morning press conference at the National Palace in Mexico City, capital of Mexico, June 6, 2022. (Xinhua)