Connect with us

International Organizations

ဂါဇာဒေသတွင် စစ်ဆင်ရေးများ ချက်ချင်းရပ်ရန် အစ္စရေးအား ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် ပါလက်စတိုင်းအရေး အပါအဝင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးအား ၂၀၂၄ ခုနှစ် ဩဂုတ် ၁၃ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအား ၁၀ လကျော်ကြာ ဝန်းရံပိတ်ဆို့ကာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၁.၉ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးနောက် ယင်းဒေသ၌ စစ်ဆင်ရေး လုပ်ဆောင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးနိုင်ငံအား ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ဩဂုတ် ၂၂ ရက်တွင် တိုက်တွန်းခဲ့သည်။
ဂါဇာဒေသရှိ အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့် ဖျက်ဆီးခံခဲ့ရကာ ထိုဒေသ၏ ဧရိယာ ၈၅ ရာခိုင်နှုန်းတွင်လည်း ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်က ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု ပါလက်စတိုင်း အရေးကိစ္စ အပါအဝင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့်ပတ်သက်၍ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြောကြားခဲ့သည်။
“အဲဒီလိုဖြစ်ရပ်ဆိုးမျိုးက လုံးဝဆက်ဖြစ်လို့မရပါဘူး” ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းက အပစ်အခတ်ရပ်ရေးနှင့် တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ပြတ်ပြတ်သားသား တောင်းဆိုနေသည့်တိုင် အစ္စရေးနိုင်ငံက ထိုကဲ့သို့ တောင်းဆိုမှုများကို လျစ်လျူရှုနေသည့်အပြင် အပစ်အခတ်ရပ်မည့် လက္ခဏာကိုလည်း လုံးဝမပြခဲ့ကြောင်း ဖုက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်- ၂၇၃၅ ကို အတည်ပြုခဲ့သည်မှာ နှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဂါဇာဒေသ၌ အစ္စရေးက စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေသည့်အတွက် နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ အစ္စရေးဘက်က စွန့်စား၍ ရန်စသော လုပ်ရပ်များကို ထပ်တလဲလဲ လုပ်ဆောင်နေခြင်းသည် ပဋိပက္ခ ပိုမိုကျယ်ပြန့်လာနိုင်သော အခြေအနေကို မြင့်တက်စေကာ အရှေ့အလယ်ပိုင်းဒေသကို အကြီးအကျယ် ဘေးသင့်စေနိုင်သည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
ဂါဇာဒေသတွင် အလုံးစုံအောင်ပွဲရယူရန် တဇွတ်ထိုးလုပ်ဆောင်ခြင်းသည် အပြစ်မဲ့အရပ်သားများ ထပ်မံသေဆုံးခြင်းကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကာ ဓားစာခံများ လွတ်မြောက်ရေး သို့မဟုတ် အစ္စရေးနိုင်ငံနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းစေမည့် အခြေအနေများကိုလည်း ဖန်တီးပေးလိမ့်မည် မဟုတ်ကြောင်း ဖုက သတိပေးခဲ့သည်။
“အပစ်အခတ်ရပ်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ နိုင်ငံရေးအရ ဖြေရှင်းနည်းကသာ အခြေခံကျတဲ့ ထွက်ပေါက်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဝင်ပေါက်အားလုံးကို ဖွင့်ပေးပြီး လူသားချင်းစာနာမှု အထောက်အပံ့များ ဘေးကင်းစွာနှင့် မြန်မြန်ဆန်ဆန် ပေးပို့နိုင်ရေးအတွက် အာမခံချက်ပေးကာ ကန့်သတ်ပိတ်ပင်မှုများ၊ ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများအား တိုက်ခိုက်မှုများကို ရပ်တန့်၍ ဂါဇာဒေသတွင် ပိုလီယိုကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အား အထောက်အကူပေးပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ရန် ဖုက အစ္စရေးကို တိုက်တွန်းခဲ့သည်။
“လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ထွန်းပေါ်ပေါက်ရေးနဲ့ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းကို အကောင်အထည်ဖော်ခြင်းဟာ ပါလက်စတိုင်း-အစ္စရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရာမှာ အလားအလာရှိတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” ဟုလည်း ဖုက ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ဂါဇာဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်မှု အားလုံးကို ချက်ချင်းရပ်တန့်ရန်၊ ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်စေသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် ဂါဇာတွင် အပစ်အခတ်ရပ်ရေးအတွက် အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များကို ချက်ချင်းအဆုံးသတ်ရန် အစ္စရေးအား တိုက်တွန်းခဲ့သည့်အပြင် ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးများ ရပ်တန့်ရေးနှင့် အရပ်သားများအား သတ်ဖြတ်နေမှုများကို ရပ်တန့်ရေးအတွက် အစ္စရေးအား တွန်းအားပေးရာတွင် သမာသမတ်ကျပြီး တာဝန်သိ၍ စစ်မှန်သော သဘောထားကို ပြသရန် ဩဇာကြီးသော နိုင်ငံများကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုကို အထောက်အကူပြုရေးနှင့် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ရရှိရန် လိုအပ်သော ဆောင်ရွက်ချက်များ ထပ်မံလုပ်ဆောင်ရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အထောက်အကူပေးပြီး ဂါဇာစစ်ပွဲ အမြန်ဆုံးအဆုံးသတ်ရေး၊ လူသားချင်းစာနာမှုကပ်ဘေး လျော့ပါးသက်သာရေး၊ နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်းကို အကောင်အထည်ဖော်ရေး၊ အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှုများ ရရှိရေးတို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
Chinese envoy urges Israel to immediately cease military operations in Gaza
UNITED NATIONS, Aug. 23 (Xinhua) — A Chinese envoy on Thursday urged Israel to immediately cease all military operations in the Gaza Strip, as more than 10 months of blockade, siege, bombing, and attacks in Gaza have killed more than 40,000 people and displaced 1.9 million.
Some 80 percent of homes in Gaza have been destroyed, and 85 percent of the area is under emergency evacuation orders imposed by the Israeli military, said Fu Cong, China’s permanent representative to the United Nations (UN), in remarks at the UN Security Council briefing on the situation in the Middle East, including the Palestinian question.
“Such a tragedy cannot go on any longer,” he stressed.
While the international community has repeatedly sent clear calls for a ceasefire and an end to the fighting, “Israel has turned a deaf ear to them and has not shown any sign of a ceasefire,” the ambassador said.
He noted that more than two months after the adoption of Security Council Resolution 2735, the Israeli military operations in Gaza continue causing new casualties every day. He warned that repeated provocative and adventurous actions by the Israeli side have intensified the risk of conflict spillovers, and “the Middle East is hanging by a thread.”
Fu cautioned that “blind faith in achieving a total victory in Gaza” will only result in more innocent civilian casualties and will not create the conditions for the release of hostages, nor will it bring peace or tranquility to Israel and the region.
“Ceasefire negotiations and a political solution are the fundamental way out,” he said.
The ambassador urged Israel to fulfill its obligations under international humanitarian law by opening all border crossings, guaranteeing rapid and safe access to humanitarian supplies at scale, ceasing restrictions and attacks on the UN and humanitarian agencies, and providing support and cooperation for the polio vaccination program in Gaza.
“Achieving an independent Palestinian state and implementation of the two-state solution is the only viable way forward for the political settlement of the Palestinian-Israeli question,” he said.
While urging Israel to immediately cease all military operations in Gaza, to immediately stop its actions that stoke escalation of the situation in the region, and to immediately end placing obstacles to a ceasefire in Gaza, the ambassador also urged “countries with significant influence” to demonstrate a sincere, impartial, and responsible attitude in pushing Israel to cease its military operations in Gaza as soon as possible and to stop the killing of civilians.
He stated that China supports the Security Council in taking further necessary actions to promote the implementation of the relevant resolutions and achieve a ceasefire in Gaza, and stands ready to work with the international community to make unremitting efforts to end the war in Gaza at an early date, alleviate the humanitarian catastrophe, implement the two-state solution, and achieve lasting peace and security in the Middle East. Enditem
English Caption
Fu Cong (C, front), China’s permanent representative to the United Nations, speaks at the UN Security Council briefing on the situation in the Middle East, including the Palestinian question, at the UN headquarters in New York, Aug. 13, 2024. (Xinhua/Xie E)