Connect with us

International Organizations

၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ဂျာမနီနိုင်ငံ မွန်ချန်ဂလာဘတ်မြို့တွင် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၃ ရက်က ကျင်းပသော Bundesliga ဘောလုံးပြိုင်ပွဲ၊ ဘေယာလီဗာကူဆင်အသင်းနှင့် မွန်ချန်ဂလာဘတ်အသင်းပွဲစဉ်အတွင်း ဘေယာ ၀၄ လီဗာကူဆင်အသင်းမှ Florian Wirtz (ဝဲဘက် ဒုတိယ) က ဂိုးသွင်းပြီးနောက်‌ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းတချို့ကို ဖော်ပြအပ်ပါသည်။
-ဂန်ဒိုဂန် ဘာစီလိုနာအသင်းမှ မန်စီးတီးအသင်းသို့ ပြန်လည်ရောက်ရှိ
အီခေး ဂန်ဒိုဂန်သည် ဘာစီလိုနာအသင်းတွင် ပါဝင်ရန်ထွက်ခွာပြီး တစ်ရာသီမျှသာကြာပြီးနောက် မန်ချက်စတာစီးတီးအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။
………………………..
-စပိန် နှစ်ယောက်တွဲစားပွဲတင်တင်းနစ်ကစားသမားများ ပဲရစ်မသန်စွမ်းအိုလံပစ်တွင် ဆုရရှိရန်မျှော်လင့်
Iker Sastre နှင့် Ander Cepas တို့နှစ်ဦးသည် ကျင်းပရန် အချိန်တစ်ပတ်သာလိုတော့သော ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲတွင် စပိန် စားပွဲတင်တင်းနစ်အဖွဲ့၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
စပိန်နိုင်ငံ Bilbao မြို့မှ Sastre သည် အသက် ၂၃ နှစ်အရွယ်က ကျောရိုးဒဏ်ရာရရှိခဲ့ပြီးနောက် ဘီးတပ်ကုလားထိုင်ဖြင့် သွားလာခဲ့ရသည်။ San Sebastian မြို့အနီးတွင် နေထိုင်သော Cepas ကမူ ၎င်းအားမွေးဖွားစဉ်က အောက်ဆီဂျင်အလုံအလောက်မရရှိမှုကြောင့် ညာဘက်လက် ကောင်းမွန်စွာမလှုပ်ရှားနိုင်သူတစ်ဦး ဖြစ်သည်။
………………………..
-လီဗာကူဆင်အသင်းက မွန်ချန်ဂလာဘတ်အသင်းကို ရာသီအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိ
၆၂ ကြိမ်မြောက် Bundesliga ရာသီအဖွင့်ပွဲစဉ်ကို ဩဂုတ် ၂၃ ရက်က ကျင်းပခဲ့ရာ ဘေယာလီဗာကူဆင်အသင်းမှ ကစားသမား Florian Wirtz ၏ နောက်ကျဂိုးဖြင့် ဘေယာလီဗာကူဆင်အသင်းက မွန်ချန်ဂလာဘတ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)


……………………………..
(English Version)
Gundogan completes return to Man City from Barcelona
LONDON, Aug. 23 (Xinhua) — Ilkay Gundogan has returned to Manchester City on a free transfer, just a season after leaving the club to join FC Barcelona.
Gundogan has signed a one-year contract with the Premier League champions, with the option for it to be extended for a second season at the club where he scored 60 goals in 304 appearances in his first spell.
….
Spanish table tennis duo look for medals in Paris Paralympics
MADRID, Aug. 22 (Xinhua) — Iker Sastre and Ander Cepas will both be in the Spanish table tennis team at the Paralympic Games, which are due to start in Paris in just over a week.
Sastre, who is from Bilbao, has been confirmed to a wheelchair since suffering a back injury while surfing when he was 23-years old, while Cepas, who is from nearby San Sebastian, was born with limited movement down his right-hand side after suffering oxygen deprivation when he was born.
………………………
Leverkusen overpower Monchengladbach in season-opening five-goal thriller
BERLIN, Aug. 23 (Xinhua) — Florian Wirtz’s late strike gave Bayer Leverkusen a 3-2 win over Borussia Monchengladbach as the 62nd Bundesliga season opened on Friday.
Photo 1: Florian Wirtz (2nd L) of Bayer 04 Leverkusen celebrates scoring during the first division of Bundesliga match between Borussia Moenchengladbach and Bayer 04 Leverkusen in Moenchengladbach, Germany, Aug. 23, 2024. (Photo by Ulrich Hufnagel/Xinhua)