Africa & Middle East
ဟားမက်စ်အကြီးအကဲ လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်မှုကို တိတိကျကျနှင့် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် စီမံလုပ်ဆောင်မည်ဟု အီရန် ပြောကြား
တီဟီရန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
ဟားမက်စ်အဖွဲ့၏ နိုင်ငံရေးဗျူရို အကြီးအကဲ အစ္စမေး ဟာနီယက် လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အီရန်နိုင်ငံ၏ လက်တုံ့ပြန်မှုကို တိတိကျကျနှင့် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် စီမံလုပ်ဆောင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘက်စ် အာရက်ချီက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။မကြာသေးမီက ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဖုန်းပြောဆိုဆွေးနွေးခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းထောက်များအား ရှင်းလင်းပြောကြားရာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံ၏ Iranian Students’ News Agency (ISNA) က ဖော်ပြခဲ့သည်။ ဖုန်းပြောဆိုဆွေးနွေးမှုများအတွင်း ဟာနီယက်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အစ္စရေး၏ အကြမ်းဖက်လုပ်ရပ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟုလည်း ISNA က ဆိုသည်။
အဆိုပါ ဖုန်းပြောဆိုမှုများအတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဟာနီယက် လုပ်ကြံခံရမှုအတွက် အီရန်က အစ္စရေးအား ဒဏ်ခတ်ခွင့်ရှိကြောင်း အလေးအနက်ပြောကြားခဲ့ကာ အီရန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာအား အစ္စရေး၏ ထိပါးရန်စမှုကို ကျိန်းသေပေါက် လက်တုံ့မပြန်ဘဲ နေမည်မဟုတ်ကြောင်း၊ အီရန်အနေဖြင့် လက်တုံ့ပြန်မှုကို တိတိကျကျ၊ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် စီမံလုပ်ဆောင်ကာ ရှုထောင့်ပေါင်းစုံမှလည်း စဉ်းစားလျက်ရှိကြောင်း ISNA ၏ ဖော်ပြချက်အရ သိရသည်။
လက်တုံ့ပြန်မှုကို သင့်လျော်သည့်အချိန်တွင် သင့်လျော်သည့် နည်းလမ်းဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။ အီရန်သမ္မတသစ် မာဆွတ် ပီဇက်ရှ်ကီယန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်ရန် အီရန်သို့ရောက်ရှိနေသည့် ဟားမက်စ်အဖွဲ့၏ နိုင်ငံရေးဗျူရို အကြီးအကဲ ဟာနီယက်သည် ဇူလိုင် ၃၁ ရက်တွင် တီဟီရန်မြို့ရှိ အဆောက်အအုံတစ်ခု၌ ၎င်း၏သက်တော်စောင့်နှင့်အတူရှိနေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုသည် အစ္စရေး၏ လက်ချက်ဖြစ်သည်ဟု အီရန်က အပြစ်တင်ထားပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု ကတိပြုခဲ့သည်။အစ္စရေးက အဆိုပါ တိုက်ခိုက်မှုတွင် ၎င်းပါဝင်ပတ်သက်ကြောင်း အတည်ပြုခဲ့ခြင်း မရှိသကဲ့သို့ ငြင်းပယ်ထားခြင်းလည်း မရှိကြောင်း သိရသည်။ (Xinhua)
——————————
(English Version)
Iran says response to Hamas chief’s assassination to be “calculated, managed”
TEHRAN, Aug. 24 (Xinhua) — Iranian Foreign Minister Seyyed Abbas Araghchi said Saturday that the country’s response to the assassination of Hamas Politburo Chief Ismail Haniyeh would be “precise, calculated and managed.”
He made the remarks in an address to reporters while commenting on his recent phone calls with his German, French and British counterparts, in which they discussed Israel’s “terrorist action” of assassinating Haniyeh, the Iranian Students’ News Agency (ISNA) reported.
Stressing Iran’s right to punish Israel for assassinating Haniyeh, Araghchi said in the phone calls that Israel’s “aggression” against Iran’s national security and sovereignty would definitely not go unanswered, and that Tehran would give its response “precisely and in a calculated and managed way while considering all dimensions,” according to the ISNA report.
Araghchi said the revenge “will be taken at the right time and using the appropriate method,” said the report. Haniyeh, who visited Iran to attend the swearing-in ceremony of Iranian President Masoud Pezeshkian, was killed on July 31 along with his bodyguard when their residence in Tehran was attacked. Iran has blamed Israel for the attack and vowed a strong response.
Israel has neither confirmed nor denied its involvement in the attack. Enditem
English Caption
This photo shows Hamas Politburo Chief Ismail Haniyeh (C) in Tehran, Iran, July 30, 2024. (Xinhua/Shadati)