Connect with us

International Organizations

၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ကမ္ဘာတစ်ခွင် တစ်ကိုယ်တော်လေယာဉ်ပျံသန်းစဉ် ကနေဒါနိုင်ငံ မြောက်ပိုင်းရှိ တောင်တန်းများပေါ် ပျံသန်းနေသော Ethan Guo ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းတချို့ကို ဖော်ပြအပ်ပါသည်။

-အသက် ၁၉ နှစ်ဖြင့် ကမ္ဘာတစ်ခွင် တစ်ကိုယ်တော်ပျံသန်း
တရုတ်-အမေရိကန်နွယ်ဖွား Ethan Guo သည် အသက် ၁၉ နှစ်အရွယ်သာရှိသေးသော်လည်း ကမ္ဘာ့တိုက်ကြီးလေးတိုက်တစ်ခွင် တစ်ကိုယ်တော်ပျံသန်းခဲ့သူဖြစ်သည်။ ၎င်း၏ “သေးငယ်သော ပန်းတိုင်” က လာမည့်သီတင်းပတ်များအတွင်း ကမ္ဘာ့တိုက်ကြီး ခုနစ်တိုက်လုံးတစ်ခွင် တစ်ကိုယ်တော်ပျံသန်းမှု ပြီးစီးရန်ပင်ဖြစ်သည်။
Guo သည် မေ ၃၁ ရက်တွင် တန်နက်စီပြည်နယ် Memphis မြို့မှ စတင်ထွက်ခွာခဲ့သည်။ ၎င်းသည် မြောက်အမေရိက၊ ဥရောပ၊ အာဖရိကနှင့် အာရှ စသည့် ကမ္ဘာ့တိုက်ကြီးလေးတိုက်၊ နိုင်ငံနှင့် ဒေသ ၁၅ ခုတစ်ခွင် ပျံသန်းခဲ့ပြီးဖြစ်သည်။ ၎င်း၏အစီအစဉ်အရ ပျံသန်းသွားလာရန် နိုင်ငံနှင့် ဒေသ ၃၀ ကျန်ရှိနေဆဲဖြစ်ကာ ရက်အနေဖြင့်မူ ၂၀ ရက်ခန့်သာ ကျန်ရှိတော့သည်။ ခရီးစဉ်တစ်လျှောက် Guo သည် အင်ဂျင်ပြဿနာနှင့် ဗီဇာကိစ္စများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
………….
-ဘာစီလိုနာက နောက်ခံလူ Faye ကို Rennes အသင်းထံရောင်းချ
ဘာစီလိုနာအသင်းက အလယ် နောက်ခံလူ Mika Faye ကို Stade Rennes အသင်းထံ ယူရို ၁၀ သန်းကျော်ဖြင့် ဩဂုတ် ၂၅ ရက်က ရောင်းချခဲ့သည်။
………….
-F1 Dutch Grand Prix တွင် Norris လွှမ်းမိုးထား
McLaren မှ ယာဉ်မောင်း Lando Norris သည် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့သော Formula 1 Dutch Grand Prix ပြိုင်ပွဲတွင် အစမကောင်းခဲ့သော်လည်း Red Bull မှ ယာဉ်မောင်း Max Verstappen ကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

နယ်သာလန်နိုင်ငံ Zandvoort Circuit တွင် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့သော Formula 1 Dutch Grand Prix ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဆုဖလားနှင့်အတူ အောင်ပွဲခံနေသည့် McLaren မှ ယာဉ်မောင်း Lando Norris (ယာ) ကို တွေ့ရစဉ် (ဆင်ဟွာ)

 


………………………….
(English Version)
19-Year-Old flying solo around world
DOHA, Aug. 24 (Xinhua) — Despite being only 19 years old, Ethan Guo, a Chinese American, has already flown solo across four continents. His “small goal” is to complete a solo flight around all seven continents in the coming weeks.
On May 31, Guo departed from Memphis, Tennessee. So far, he has flown across four continents – North America, Europe, Africa, and Asia – covering 15 countries and regions. According to the plan, he still has 30 countries and regions to visit, with just 20 days remaining. Along the way, he encountered engine trouble and visa issues.
Photo 1: Ethan Guo flies over the mountains in northern Canada during his solo flight around the world. (Xinhua)
…………….
Barcelona sell defender Faye to Rennes
MADRID, Aug. 25 (Xinhua) — FC Barcelona confirmed the sale of central defender Mika Faye to French side Stade Rennes for a fee of just over 10 million euros on Sunday.
….
Norris dominates F1 Dutch Grand Prix
BEIJING, Aug. 25 (Xinhua) — McLaren’s Lando Norris recovered from a bad start to overtake Red Bull’s Max Verstappen and win Sunday’s Formula 1 Dutch Grand Prix in dominant fashion.
Photo 4: McLaren’s British driver Lando Norris (R) celebrates with the trophy during the awarding ceremony after the Formula 1 Dutch Grand Prix Race at Zandvoort Circuit, the Netherlands, Aug. 25, 2024. (Xinhua/Meng Dingbo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.