Connect with us

Africa & Middle East

ဂါဇာပဋိပက္ခအတွင်း စစ်လက်နက်ပစ္စည်းနှင့် ခဲယမ်းကျည် တန်ချိန် ၅၀,၀၀၀ ကျော်အား အစ္စရေး လက်ခံရရှိ

အစ္စရေးနိုင်ငံတောင်ပိုင်း၊ ဂါဇာကမ်းမြောင်ဒေသနယ်စပ်အနီး အစ္စရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် မေ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဂါဇာဒေသတွင် စစ်ဆင်ရေးများ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းနှင့် ခဲယမ်းကျည် တန်ချိန် ၅၀,၀၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
“ဝယ်ယူလက်ခံရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ သံချပ်ကာယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းကျည်တွေ၊ တစ်ကိုယ်ရေကာကွယ်ရေး အသုံးအဆောင်တွေနဲ့ ဆေးဘက်အသုံးအဆောင်တွေ ပါဝင်ပါတယ်” ဟုလည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၌ စစ်ပွဲဖြစ်ပွားနေဆဲ ကာလနှင့် အစ္စရေး-လက်ဘနွန် နယ်စပ်တစ်လျှောက် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ရင်ဆိုင်နေရစဉ်အတွင်း စစ်လက်နက်ပစ္စည်းများ လက်ခံရရှိခြင်းသည် အစ္စရေး ကာကွယ်ရေးတပ်၏ စစ်ဆင်ရေး လုပ်ဆောင်နိုင်စွမ်းကို အင်အားဖြည့်တင်းရာတွင် အလွန်အရေးပါသည်ဟုလည်း ၎င်းဝန်ကြီးဌာနက ဆိုသည်။
၎င်းတို့၏ စစ်လက်နက်များနှင့် ခဲယမ်းကျည် အများစုအား အမေရိကန်နှင့် ဥရောပနိုင်ငံများထံမှ ဝယ်ယူရရှိကြောင်း အစ္စရေး အစိုးရတာဝန်ရှိသူများက အစောပိုင်းတွင် ပြောဆိုထားသော်လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထိုစစ်လက်နက်များအား မည်သည့်နိုင်ငံများမှ ဝယ်ယူခဲ့သနည်း ဆိုသည်ကို တိတိကျကျ ပြောကြားခဲ့ခြင်းမရှိပေ။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမက်စ်အဖွဲ့က အစ္စရေး တောင်ပိုင်းနယ်စပ်ကိုဖြတ်၍ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် လူ ၁,၂၀၀ ခန့် သေဆုံးခဲ့ကာ နောက်ထပ် ၂၅၀ ဦးသည်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်။
ဂါဇာကမ်းမြောင်ဒေသတွင်လည်း အစ္စရေးက တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် ပါလက်စတိုင်း သေဆုံးသူဦးရေ ၄၀,၄၀၀ ကျော်အထိ မြင့်တက်လာကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ သိရသည်။ (Xinhua)

………………………..
(English Version)
Israel receives over 50,000 tons of military equipment, ammunition during Gaza conflict
JERUSALEM, Aug. 26 (Xinhua) — The Israeli Defense Ministry said on Monday that since the beginning of its military operations in Gaza, the country has received more than 50,000 tons of military equipment and ammunition.
“The equipment procured and transported includes armored vehicles, munitions, ammunition, personal protection gear, and medical equipment,” the ministry said.
The military transports have been “crucial for sustaining the Israel Defense Forces’ operational capabilities during the ongoing war” in the Gaza Strip and against Hezbollah along the Israel-Lebanon border, it added.
The ministry did not specify from which countries the arms were purchased, though Israeli government officials had previously said that the majority of its weapons and ammunition were procured from the United States and Europe. Israel launched a large-scale offensive against Hamas in the Gaza Strip to retaliate against a Hamas rampage through the southern Israeli border on Oct. 7, 2023, during which about 1,200 people were killed and about 250 others taken hostage.
The Palestinian death toll from ongoing Israeli attacks on the Gaza Strip has risen to more than 40,400, according to Gaza-based health authorities. Enditem
English Caption
Israeli troops are seen near the border with the Gaza Strip, in southern Israel, on May 27, 2024. (Photo by Gil Cohen Magen/Xinhua)