Connect with us

Africa & Middle East

ရုရှားက ယူကရိန်းအား ဒုတိယမြောက်နေ့အဖြစ် အပြင်းအထန်တိုက်ခိုက်

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အဆောက်အအုံတစ်ခုမှ မီးခိုးများ တက်လာပုံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
နှစ်ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုအဖြစ် ဩဂုတ် ၂၇ ရက် ညပိုင်းတွင် ရုရှားက ယူကရိန်းအား ရှာဟက် တိုက်ခိုက်ရေးဒရုန်း ၈၁ စင်း၊ ခရုဇ်နှင့် ပဲ့ထိန်းဒုံးကျည် ၁၀ စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒေသ ၁၆ ခု၌ လေကြောင်းရန်ကာကွယ်ရေး စနစ်များက ဒရုန်း အစင်း ၆၀ နှင့် ခရုဇ်ဒုံးကျည် ၅ စင်းအား ပစ်ချခဲ့သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဒရုန်းတစ်စင်းသည် ဘီလာရုစ်နယ်စပ်ကို ဖြတ်ကျော်သွားပြီး အခြားဒရုန်း ၁၀ စင်းကိုမူ မျက်ခြည်ပြတ်သွားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီအထိ ယူကရိန်းလေပိုင်နက်ထဲတွင် တိုက်ခိုက်ရေးဒရုန်း ၁၀ စင်း ရှိနေသေးကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းနိုင်ငံ အလယ်ပိုင်း၊ Kryvyi Rih မြို့ရှိ ဟိုတယ်တစ်လုံးအား ထိမှန်ခဲ့ကာ လူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယူကရိန်းနိုင်ငံ တောင်ပိုင်း Zaporizhzhia မြို့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ နောက်ထပ်လေးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး အိုင်ဗန် ဖက်ဒရော့ဗ်၏ အဆိုအရ သိရသည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Kharkiv ဒေသ၌ အခြေခံအဆောက်အအုံနှစ်ခု ထိမှန်ခဲ့ခြင်းကြောင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ နောက်ထပ်ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသစစ်အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
မြို့တော် ကိဗ်အား ဒရုန်း ၁၅ စင်းခန့်ဖြင့်လည်းကောင်း၊ Kh-101 ဒုံးကျည်အချို့ဖြင့်လည်းကောင်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော်လည်း လေကြောင်းပစ်မှတ် အားလုံးကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း မြို့တော်စစ်အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် ဩဂုတ် ၂၆ ရက်တွင် ရုရှားက ယူကရိန်းအား ဒုံးကျည် ၁၂၇ စင်း၊ တိုက်ခိုက်ရေးဒရုန်း ၁၀၉ စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းအစိုးရ၏ အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Russia launches massive strike at Ukraine for second day
KIEV, Aug. 27 (Xinhua) — Russia attacked Ukraine with 81 Shahed combat drones and 10 cruise and ballistic missiles overnight Tuesday in the second attack in two days, the Ukrainian Air Force said in a statement.
The air defense downed 60 drones and five cruise missiles over 16 regions, it said. One drone crossed the border with Belarus, while 10 other detected drones were lost.
As of 9 a.m. local time (GMT 0600), 10 combat drones remained in the Ukrainian airspace. The attack claimed the lives of two people and injured five others in the central Ukrainian city of Kryvyi Rih, where the strike hit a hotel, the Interior Ministry said.
In the southern city of Zaporizhzhia, a man and a woman were killed and four people were wounded, according to regional governor Ivan Fedorov.
Two infrastructure facilities were hit in the eastern Kharkiv region, leaving a 41-year-old man dead and five others injured, said the Kharkiv Regional Military Administration.
About 15 drones and several Kh-101 missiles targeted the Ukrainian capital, but all air targets were intercepted, said the Kiev City Military Administration.
On Monday, Russia launched 127 missiles and 109 combat drones at Ukraine in the largest attack since the start of the conflict. Seven people were killed and 47 others were injured in the attack, according to Ukraine’s State Service for Emergencies. Enditem
English Caption
Smoke rises from a building after a missile attack in Kiev, Ukraine, Jan. 2, 2024. (Photo by Roman Petushkov/Xinhua)