Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံ (DRC) တွင် မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၆၁၀ ကျော်ရှိ

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း North Kivu ပြည်နယ် ဂိုမာမြို့ပြင်ရှိ ဆေးရုံတစ်ရုံတွင် ဒေသခံများထံ မျောက်ကျောက်ရောဂါအကြောင်း ရှင်းပြနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

ကင်ဆာရှာ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) တွင် လက်ရှိဖြစ်ပွားနေသော မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၆၁၀ ကျော် အပါအဝင် ရောဂါသံသယရှိသူ ၁၇,၈၀၁ ကျော် ရှိလာကြောင်း DRC ကျန်းမာရေးဝန်ကြီး ရော်ဂျာကမ်ဘာက ဩဂုတ် ၂၇ ရက်၌ ‌ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် အထူးသဖြင့် လာမည့်စာသင်နှစ် စက်တင်ဘာလဆန်းပိုင်းတွင် ရောဂါကာကွယ်ရေးဆောင်ရွက်ချက်များကို လိုက်နာကြရန်နှင့် မကြာမီရရှိတော့မည့် ကာကွယ်ဆေးများကို ထိုးနှံကြရန် ဝန်ကြီးက တိုက်တွန်းခဲ့သည်။

မျောက်ကျောက်ရောဂါသံသယလူနာများသည် ပြည်တွင်းနေရပ်စွန့်ခွာနေရသူ ၇.၃ သန်း အဓိကနေထိုင်သော ပဋိပက္ခဖြစ်ပွားရာပြည်နယ်များမှ ဖြစ်ကြောင်း၊ ဆယ်စုနှစ်ချီဖြစ်ပွားနေသော ပဋိပက္ခဒဏ်ခံစားနေရသူများအတွက် အခြေအနေပိုဆိုးနိုင်ခြေရှိကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ဩဂုတ် ၂၇ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကမ္ဘာအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောက်ရောဂါ လူလူချင်းကူးစက်မှုကို အဆုံးသတ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် မျောက်ကျောက်ရောဂါ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးအစီအစဉ်တစ်ရပ်ကို ကြေညာခဲ့သည်။
“ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ ရပ်တန့်သွားမှာပါ” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်စ်က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Mpox kills over 610 in DR Congo: health minister
KINSHASA, Aug. 28 (Xinhua) — The ongoing mpox outbreak in the Democratic Republic of the Congo (DRC) has resulted in more than 17,801 suspected cases, including 610 deaths, DRC Health Minister Roger Kamba said Tuesday.
The minister urged the population to adhere to protective measures, especially with the upcoming school year in early September, and to get vaccinated as soon as vaccines become available.
Suspected cases are being reported in conflict-affected provinces that host the majority of the country’s 7.3 million internally displaced people, which risks “worsening an already untenable situation for a population devastated by decades of conflict,” said a statement released Tuesday by the UN High Commissioner for Refugees.
On Monday, the World Health Organization (WHO) launched a Global Strategic Preparedness and Response Plan for mpox to end human-to-human transmission of smallpox through coordinated efforts at global, regional, and national levels.
“The mpox outbreaks in the Democratic Republic of the Congo and neighbouring countries can be controlled, and can be stopped,” said WHO Director-General Tedros Adhanom Ghebreyesus.
Photo: A health worker explains mpox information to local people at a hospital on the outskirts of Goma, North Kivu province, eastern Democratic Republic of the Congo (DRC), on Aug. 19, 2024. (Str/Xinhua)