Connect with us

Africa & Middle East

အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးများ ချက်ချင်းရပ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

အနောက်ဘက်ကမ်းဒေသမြောက်ပိုင်း၊ တူဘက်စ်မြို့ တောင်ပိုင်းရှိ Far'a ဒုက္ခသည်စခန်း၌ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးအတွင်း အစ္စရေး စစ်ဘက်သုံးယာဉ်များအား ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးများ ချက်ချင်းရပ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းခဲ့ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဩဂုတ် ၂၈ ရက်တွင် ဂျီနင်၊ တူလ်ကမ်းနှင့် တူဘက်စ် မြို့တို့၌ လေကြောင်းမှတိုက်ခိုက်မှုများ အပါအဝင် စစ်ဆင်ရေးများ အကြီးအကျယ်လုပ်ဆောင်နေခြင်းကဲ့သို့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၏ လတ်တလော အခြေအနေများအပေါ် ကုလသမဂ္ဂ အကြီးအကဲက အလွန်အမင်း စိုးရိမ်လျက်ရှိကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ကလေးငယ်များ အပါအဝင် လူ့အသက်များ ဆုံးရှုံးနေရခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဒူဂျာရစ်က ဆိုသည်။

ထိုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများသည် အနောက်ဘက်ကမ်းဒေသ၏ ပေါက်ကွဲလွယ်သော ရှိရင်းစွဲအခြေအနေကို မီးလောင်ရာလေပင့် လုပ်နေခြင်းဖြစ်ကာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကိုလည်း ပိုမိုအားလျော့စေသည့်အတွက် ယင်းစစ်ဆင်ရေးများကို ချက်ချင်းရပ်တန့်ရန် ဂူတာရက်စ်က တိုက်တွန်းခဲ့ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က အလေးအနက် ပြောကြားခဲ့သည်။
ဂျီနင်၊ တူလ်ကမ်းနှင့် တူဘက်စ် မြို့တို့တွင် နှစ်ရက်နီးပါးအတွင်း လူ ၁၅ ဦး သေဆုံးခဲ့ကာ လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အဆိုအရ သိရသည်။
အစ္စရေးစစ်တပ်က ၎င်းတို့အား ဆန့်ကျင်တိုက်ခိုက်နေသော စစ်ဆင်ရေးများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲထားသူများကို ဖမ်းဆီးရန် တူလ်ကမ်း၊ ဂျီနင်နှင့် တူဘက်စ် မြို့တို့ရှိ ဒုက္ခသည်စခန်းများတွင် အကြီးစားစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည်ဟု ပါလက်စတိုင်းနှင့် အစ္စရေး သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ (Xinhua)
……………………
(English Version)
UN chief calls for immediate cessation of Israel’s operations in West Bank
UNITED NATIONS, Aug. 29 (Xinhua) — UN Secretary-General Antonio Guterres called for an immediate cessation of Israel’s operations in the West Bank, his spokesman said on Thursday.
The UN chief was deeply concerned by the latest developments in the occupied West Bank, including Israel’s launch on Wednesday of large-scale military operations in Jenin, Tulkarm and Tubas governorates, involving the use of airstrikes, which resulted in casualties and damage to civilian infrastructure, said Stephane Dujarric, the spokesman, at a daily briefing.
The secretary-general “strongly condemns the loss of lives, including of children,” Dujarric said.
Guterres said these dangerous developments were fueling an already-explosive situation in the West Bank, further undermining the Palestinian Authority, and called for the immediate cessation of these operations, the spokesman noted.
According to the UN Office for the Coordination of Humanitarian Affairs, 15 people were killed in the governorates of Jenin, Tulkarm and Tubas in less than two days, with many others injured.
The Israeli army launched a large-scale military operation on Wednesday in the Tulkarm, Jenin, and Tubas refugee camps to arrest people accused of involvement in operations against Israel, according to Palestinian and Israeli sources. Enditem
English Caption
Israeli military vehicles are seen during an Israeli operation in the Far’a refugee camp, to the south of the northern West Bank city of Tubas, on Aug. 28, 2024. (Photo by Nidal Eshtayeh/Xinhua)