Connect with us

Asia

ဩဂုတ် ၈ ရက်မတိုင်မီအထိ အဲအိန္ဒိယမှ လေယာဉ်များ အစ္စရေးသို့ပြေးဆွဲမှု ရပ်နားထားမည်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဒီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ကပ်ထားသော လေယာဉ်များကို မေ ၂၀၂၀ ပြည့်နှစ် မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

အဲအိန္ဒိယ (Air India)လေကြောင်းလိုင်းသည် ဩဂုတ် ၈ ရက် မတိုင်မီအထိ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့သို့ ပြေးဆွဲပျံသန်းမှုများကို ရပ်နားထားမည်ဟု ကြေညာခဲ့သည်။
တင်းမာမှုများ အရှိန်မြင့်နေသည့် ကာလတွင် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ကြည့်၍ တဲလ်အဗီးမြို့သို့ ပြေးဆွဲပျံသန်းမှုများကို ဩဂုတ် ၈ ရက်မတိုင်မီအထိ ရပ်နားထားမည်ဟု အဲအိန္ဒိယလေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယခုကာလအတွင်း အခြေအနေများကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီး တဲလ်အဗီးမြို့သို့ သွားလာရန် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသည့် ခရီးသည်များအတွက် အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ခရီးစဉ်ပြန်လည်စီစဉ်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့အတွက် တစ်ကြိမ်သက်သာလျှော့ပေါ့ ခွင့်ပေးမည်ဟု ကြေညာခဲ့သည်။
ဩဂုတ် ၁ ရက် ညနေပိုင်းမှစတင်၍ အဲအိန္ဒိယလေကြောင်းလိုင်းသည် နယူးဒေလီမြို့နှင့် တဲလ်အဗီးမြို့သို့ ပြေးဆွဲပျံသန်းမှုကို ဖျက်သိမ်းခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ အရှိန်ကောင်းလာပြီးနောက် ယခုကဲ့သို့ ခရီးစဉ်များ ဆိုင်းငံ့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အိန္ဒိယ အစိုးရက လက်ဘနွန်နိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများ သတိထားကြရန်နှင့် ဘေရွတ်ရှိ အိန္ဒိယသံရုံးနှင့် အဆက်အသွယ်မပြတ်ရှိကြရန် အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)
…………………….
(English Version)
Air India suspends flights to, from Isreal until Aug. 8 amid escalating tensions
NEW DELHI, Aug. 2 (Xinhua) — Air India Friday announced the suspension of all its flights to and from Israel’s Tel Aviv until Aug. 8 amid escalating tensions in the Middle East.
“In view of the ongoing situation in parts of the Middle East, we have suspended scheduled operation of our flights to and from Tel Aviv with immediate effect up to and including Aug. 8 2024,” Air India in a statement said.
“We are continuously monitoring the situation and are extending support to our passengers with confirmed bookings for travel to and from Tel Aviv during this period, with a one-time waiver on rescheduling and cancellation charges,” it added.
On Thursday evening. Air India cancelled a scheduled flight from New Delhi to Tel Aviv, citing operational reasons.
Air India’s decision to suspend the flight operation comes as the ongoing tensions in the Middle East have escalated in recent days.
Earlier this week Indian government issued an advisory to Indian nationals in Lebanon asking them to exercise caution and remain in contact with embassy of India in Beirut. ■

Aircraft are parked at the Indira Gandhi International Airport during a nationwide third phase of lockdown implemented due to the COVID-19 outbreak in New Delhi, India, May 6, 2020. (Photo by Partha Sarkar/Xinhua)