Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ လူဦးရေ ထက်ဝက်ကျော် အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရ

ဆူဒန်နိုင်ငံ Omdurman မြို့ရှိ ရပ်ကွက်တစ်ခုတွင် အခမဲ့နံနက်စာရရှိရန် စုဝေးနေသူများကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်နီးပါးမှာ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁ ရက်တွင်ပြောသည်။
ဆူဒန်နိုင်ငံ၏ လူဦးရေ ၂၆ သန်းမှာ ယခုအခါ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသည်။ လူပေါင်း ၇၅၅,၀၀၀ မှာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးနှင့် ကြုံတွေ့နေရပြီး ဆာလောင်မှုကြောင့် သေဆုံးရသည့် ဖြစ်ရပ်များပင်ရှိနေပြီဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောသည်။ ဆူဒန်နိုင်ငံရှိနေရာ ၁၄ ခုတွင် လာမည့်လအတွင်း ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်ရတော့မည်ဟု ကြေညာခဲ့သည်။
ဆူဒန်နိုင်ငံသားနှစ်ဦးလျှင် တစ်ဦးမှာ အစားအစာလုံလောက်စွာရရှိရန် ရုန်းကန်နေရသည်ဟု ၎င်းကဆက်ပြောသည်။ ဆူဒန်နိုင်ငံအတွင်း လူပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ရန် အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ကြိုးပမ်းလျက်ရှိသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၎င်းတို့အဖွဲ့အစည်း၏ လုပ်ကိုင်မှုများ၌ ငတ်မွတ် ခေါင်းပါးမှုဘေးရပ်တန့်ရန် ကြိုးပမ်းရာတွင် အချိန်လု၍ ဆောင်ရွက်နေရကြောင်း သတိပေးခဲ့သည်။ ငတ်မွတ်ခေါင်းပါးမှုဘေးကို ရှောင်ရှားရန်ရန်ပုံငွေများ တိုးမြှင့်ရန် အရေးပေါ်လိုအပ်လျက်ရှိကြောင်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီလမှစတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲမရပ်တန့်နိုင်ပါက ဆူဒန်ပြည်သူများသည် ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးအဆင့်သို့ ရောက်ရှိသွားတော့မည်ဟု ကုလသမဂ္ဂနှင့် ၎င်းတို့၏မိတ်ဖက်အဖွဲ့အစည်းများက သတိပေးခဲ့သည်။ (Xinhua)

………………………
(English Version)
Over half of Sudan’s population face acute hunger: UN

UNITED NATIONS, Aug. 1 (Xinhua) — More than half of Sudan’s population now face acute hunger, a UN spokesman said on Thursday.
“More than half the population, that is 26 million human beings in Sudan, now face acute hunger, including 755,000 people facing catastrophic conditions, with hunger-related deaths also being recorded,” said Stephane Dujarric, spokesman for UN Secretary-General Antonio Guterres, at a daily briefing.
Fourteen areas in the country have been declared “at risk of famine” in the coming months, he said.
“Just to give you some context, one in every two Sudanese struggles to put enough food on their plates every single day,” the spokesman added.
The World Food Programme (WFP) is scaling up its emergency response to save more lives in the country, by increasing the amount of assistance, and identifying innovative and effective ways to deliver immediate assistance to millions of people across Sudan and specially in hard-to-reach areas, according to Dujarric.
“WFP warns that we are in a race against time to stop famine in its tracks,” he said, highlighting an urgent need for a massive increase in funding to ramp up assistance at the scale required to avert famine.
The United Nations and its partners warn that more people in Sudan will be pushed into catastrophic levels of hunger if the current war, which started in April 2023, doesn’t stop.
Displaced people gather to receive free breakfast meals at a neighborhood in Omdurman city, Sudan, on Aug. 1, 2024. (Xinhua/Mohamed Khidir)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.