Connect with us

North America

အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ဟားရစ် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်ရန် ကိုယ်စားလှယ်မဲ အလုံအလောက်ရရှိ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၊ အိမ်ဖြူတော်၊ တောင်ဘက်မြက်ခင်းပြင်တွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်က ပြုလုပ်သော အခမ်းအနားတစ်ခု၌ ဒုတိယသမ္မတ ကမ်မလာဟားရစ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ကမ်မလာဟားရစ်သည် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်လာရန် ကိုယ်စားလှယ်မဲ အလုံအလောက် ရရှိထားပြီဖြစ်ကြောင်း၊ ဒီမိုကရက်တစ် အမျိုးသားကော်မတီ (DNC) ဥက္ကဋ္ဌ Jaime Harrison က ဩဂုတ် ၂ ရက်၌ ကြေညာခဲ့ကြောင်း၊ ရလဒ်များကိုမူ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ကိုယ်စားလှယ်များအတွက် အွန်လိုင်းမှတစ်ဆင့် မဲပေးခြင်းကို ဩဂုတ် ၅ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ရာ DNC အနေဖြင့် ယင်းနေ့ ညနေပိုင်းတွင် ရလဒ်များကို တရားဝင်ကြေညာဖွယ်ရှိသည်။ ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ဒီမိုကရက်တစ် အမျိုးသားကွန်ဗင်းရှင်းတွင် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းမည်ဖြစ်သည်။

အွန်လိုင်းမဲပေးခြင်းလုပ်ငန်းကို ကိုယ်စားလှယ် ၄,၇၀၀ ခန့်က ဩဂုတ် ၁ ရက် နံနက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။ မဲပေးချိန် တစ်ရက်ခွဲကြာပြီးနောက် ဟားရစ်အနေဖြင့် အမည်စာရင်းတင်သွင်းရန် လိုအပ်သော မဲအရေအတွက် ၂,၃၅၀ ကျော် ရရှိခဲ့ပြီဖြစ်ကြောင်း ၎င်း၏မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောကြားခဲ့သည်။
အသက် ၅၉ နှစ်ရှိပြီဖြစ်သော ဟားရစ်သည် အဓိကပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်းသွင်းခြင်းခံရသည့် အမေရိကန်သမိုင်းတွင် ပထမဆုံးလူမည်းအမျိုးသမီးနှင့် ပထမဆုံး အိန္ဒိယနွယ်ဖွား အမေရိကန်လူမျိုးဖြစ်လာမည်ဖြစ်သည်။ (Xinhua)

……………………………………..
(English Version)
U.S. VP Harris has won enough delegate votes to secure Democratic nomination
WASHINGTON, Aug. 2 (Xinhua) — U.S. Vice President Kamala Harris has won enough delegate votes to secure the Democratic presidential nomination, Democratic National Committee (DNC) Chair Jaime Harrison announced on Friday, noting that the results are not yet official.
The virtual voting process closes for delegates on Monday, and the DNC is expected to make official announcement of the results Monday evening. The Democratic National Convention, which is scheduled for Aug. 19-22, will formally nominate the party’s presidential candidate.
The virtual voting process for approximately 4,700 delegates started on Thursday morning. One and a half days into the voting, Harris’s campaign reported that she has obtained more than the 2,350 votes required to secure the nomination.
Harris, 59, would be the first Black woman and the first Indian American in U.S. history to receive a major party’s presidential nomination.
Photo: U.S. Vice President Kamala Harris (C) speaks during an event celebrating the 2023-2024 National Collegiate Athletic Association championship teams on the South Lawn of the White House in Washington, D.C., the United States, on July 22, 2024. (Xinhua/Hu Yousong)