Connect with us

Africa & Middle East

အီဂျစ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဘလင်ကန်တို့ အရှေ့အလယ်ပိုင်းတင်းမာမှုအပေါ် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ရှိ ပျက်စီးနေသောအဆောက်အအုံအနီး ဖြတ်သန်းသွားလာသူများကို ၂၀၂၄ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့သည် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော တင်းမာမှုနှင့် ယင်းအခြေအနေကို ထိန်းသိမ်းရန် နည်းလမ်းများကို ဩဂုတ် ၅ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၎င်းတို့နှစ်ဦး တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြရာ Abdelatty က ဒေသတွင်း တင်းမာနေဆဲအခြေအနေများကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ အီရန်၊ လက်ဘနွန်၊ ဥရောပနိုင်ငံအချို့ စသည့် ဒေသတွင်းနိုင်ငံများစွာ၏ နိုင်ငံခြားရေးဝန်ကြီးများက ဆောင်ရွက်ပေးလျက်ရှိသော သဘောတူစာချုပ်များနှင့်စပ်လျဉ်း၍ ဘလင်ကန်အား အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဘက်အသီးသီးအနေဖြင့် ကိုယ်တိုင်ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်၊ မတည်ငြိမ်မှုနှင့် သက်ဆိုင်ရာပြည်သူများ၏ အကျိုးကျေးဇူးအပေါ် ခြိမ်းခြောက်မှု အန္တရာယ်များကို လျှော့ချနိုင်ရန်လည်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက အလေးထားပြောခဲ့သည်။
ထို့ပြင် ၎င်းက ဘလင်ကန်အား “အန္တရာယ်ခံတွင်းဝသို့ တိုးဝင်စွန့်စားသောမူဝါဒ” ကျင့်သုံးမှုကို ရပ်တန့်ရန်နှင့် ဂါဇာအပစ်ရပ်ဆွေးနွေးရာတွင် စစ်မှန်သောနိုင်ငံရေးဆန္ဒဖြင့် အလေးအနက်ထား ညှိနှိုင်းဆောင်ရွက်ရန် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………….
(English Version)
Egyptian FM, Blinken discuss Mideast escalation over phone
CAIRO, Aug. 5 (Xinhua) — Egyptian Foreign Minister Badr Abdelatty and U.S. Secretary of State Antony Blinken discussed on Monday the ongoing escalation in the Middle East and ways to contain it.
During a phone conversation, Abdelatty briefed Blinken on the contacts he had made with the foreign ministers of a number of countries in the region, including Iran and Lebanon, as well as some European countries, with the aim of containing the ongoing escalation in the region, the Egyptian Foreign Ministry said in a statement.
The top Egyptian diplomat also stressed the need for all parties to exercise self-restraint, and spare the region the risks of instability and threats to the interests of its peoples.
He called on Blinken to pressure Israel to stop practicing “the brinkmanship policy” and engage seriously with real political will in the Gaza ceasefire negotiations.
Photo: People walk past the rubble of a destroyed building in the southern Gaza Strip city of Rafah, on May 1, 2024. (Photo by Khaled Omar/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.