Connect with us

Asia

ရှိတ်ဟာစီနာက ဗြိတိန်တွင် ခိုလှုံခွင့်ရသည်အထိ အိန္ဒိယတွင်နေထိုင်မည်ဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် အစည်းအဝေးတစ်ခု၌ အမှာစကားပြောကြားနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် ၎င်း၏အစိုးရပြုတ်ကျပြီးနောက် နိုင်ငံမှထွက်ပြေးသွားခဲ့ရာ ဗြိတိန်နိုင်ငံတွင် ခိုလှုံခွင့်ရသည်အထိ အိန္ဒိယနိုင်ငံ၌ နေထိုင်ဖွယ်ရှိကြောင်း Republic World ရုပ်မြင်သံကြားသတင်းချန်နယ်က ဩဂုတ် ၆ ရက်၌ သတင်းဖော်ပြခဲ့သည်။
အသက် ၇၆ နှစ်အရွယ် ဟာစီနာသည် မကြုံစဖူး အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကြောင့် ဩဂုတ် ၅ ရက်တွင် ရာထူးမှနုတ်ထွက်သွားခဲ့သည်။ ထို့ပြင် ၎င်းသည် ချက်ချင်းပင် စစ်ရဟတ်ယာဉ်ဖြင့် ဒါကာမြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
၎င်းသည် ဗြိတိန်နိုင်ငံသို့ ဦးတည်သွားခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသို့ ရောက်ရှိပါက ပုံမှန်လေယာဉ်ဖြင့် တတိယနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း ကနဦးသတင်းများက ဖော်ပြခဲ့သည်။ သို့ရာတွင် ဟာစီနာ၏ လေယာဉ်သည် နယူးဒေလီမြို့အနီး Ghaziabad’s Hindon လေတပ်အခြေစိုက်စခန်း၌ ဩဂုတ် ၅ ရက် ညနေပိုင်းက ဆင်းသက်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ၎င်းသည် အိန္ဒိယနိုင်ငံတွင် ရှိနေကြောင်း သိရသည်။
ဟာစီနာအနေဖြင့် နိုင်ငံရေးခိုလှုံခွင့်ရရှိရန် ဗြိတိန်အစိုးရထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သတင်းများ၌ ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
Sheikh Hasina to stay in India until she gets asylum in Britain: media
NEW DELHI, Aug. 6 (Xinhua) — Former Bangladeshi Prime Minister Sheikh Hasina, who fled the violence-hit nation after the collapse of her government, is likely to stay in India until Britain grants her asylum, a local television news channel Republic World said Tuesday.
The 76-year-old Hasina resigned on Monday following unprecedented anti-government protests back home. She immediately left Dhaka in a military helicopter.
Initial reports said she was heading to London and upon landing in India would take a commercial flight to a third country.
However, on Monday evening, her helicopter landed at Ghaziabad’s Hindon Air Base near New Delhi and since then she has been in India.
Reports say she is awaiting approval from the British government regarding political asylum in the country.
Photo: Bangladeshi Prime Minister Sheikh Hasina speaks at a meeting in Dhaka, Bangladesh, on Jan 8, 2024. (PHOTO / XINHUA)