Connect with us

Africa & Middle East

ယာ့ယာစင်ဝါကို ဟားမက်စ်ခေါင်းဆောင်သစ်အဖြစ် ‌ရွေးချယ်

ဂါဇာမြို့တွင် ဟားမက်စ်အဖွဲ့တည်ထောင်ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား၌ ထောက်ခံသူများကို လက်ဝှေ့ယမ်းနှုတ်ဆက်နေသော ဂါဇာကမ်းမြောင်ရှိ ဟားမက်စ်ခေါင်းဆောင် ယာ့ယာစင်ဝါ (အလယ်) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

ဟားမက်စ်အဖွဲ့သည် လွန်ခဲ့သည့် သီတင်းပတ်က တီဟီရန်မြို့၌ ကွယ်လွန်သွားသော အကြီးအကဲ အစ္စမေးလ်ဟာနီယာ၏ နေရာတွင် အစားထိုးရန် ယာ့ယာစင်ဝါ (Yahya Sinwar) ကို ၎င်းတို့၏ နိုင်ငံရေးဗျူရိုအကြီးအကဲအဖြစ် ရွေးချယ်ကြောင်း ဩဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်။
“ဟားမက်စ်အဖွဲ့ရဲ့ နိုင်ငံရေးဗျူရို ခေါင်းဆောင်အဖြစ် အစ္စမေးလ်ဟာနီယာရဲ့ နေရာမှာ ယာ့ယာစင်ဝါကို ခေါင်းဆောင်အနေနဲ့ ရွေးချယ်ကြောင်း ကြေညာလိုက်ပါတယ်” ဟု ဟားမက်စ်က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အသက် ၆၁ နှစ်အရွယ် စင်ဝါသည် ၂၀၁၇ ခုနှစ်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်စ်ခေါင်းဆောင်အဖြစ် ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အစ္စရေးအကျဉ်းသားအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာနေထိုင်ခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် အစ္စရေးနှင့် အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်အရ လွတ်မြောက်လာခဲ့သူဖြစ်သည်။ စင်ဝါသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ရာတွင် အဓိကစီစဉ်သူများအနက် တစ်ဦးဖြစ်သည်ဟု အစ္စရေးက ယုံကြည်ထားသည်။
ဟားနေးသည် ဇူလိုင် ၃၁ ရက်က တီဟီရန်မြို့တွင် လုပ်ကြံခံရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။ (Xinhua)


…………………………..
(English Version)
Yahya Sinwar named as new Hamas leader
GAZA, Aug. 6 (Xinhua) — Hamas announced on Tuesday the selection of Yahya Sinwar as its political bureau chief, replacing late chief Ismail Haniyeh, who was assassinated in Tehran last week.
“We announce the selection of leader Yahya Sinwar as head of the movement’s political bureau, succeeding leader Ismail Haniyeh,” Hamas said in a statement.
Sinwar, 61, has been the Hamas leader in the Gaza Strip since 2017. He spent more than 20 years in Israeli prisons and was released under a prisoner exchange deal with Israel in 2011. He is considered by Israel as one of the main planners of the Oct. 7, 2023 attack on Israel.
Haniyeh was killed in Tehran on July 31, which Hamas attributed to a “treacherous” Israeli raid on his residence.
Photo 1: Yahya Sinwar (C), Hamas’ leader in the Gaza Strip, waves to supporters at a rally marking the 35th anniversary of the establishment of the movement in Gaza City, on Dec. 14, 2022. (Photo by Rizek Abdeljawad/Xinhua)