Connect with us

Culture & Entertainment

မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လအတွင်း ဘုရားဖူးဧည့်သည် ၄၄၀,၀၀၀ ကျော် လာရောက်ဖူးမြော်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သူများကို ၂၀၂၂ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ယခုနှစ် ဇူလိုင်လအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၄၄၀၉၁၇ ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဩဂုတ် ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းပမာဏတွင် နိုင်ငံခြားသား ဘုရားဖူးဧည့်သည်အနေဖြင့် ၅,၃၈၉ ဦးလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ပထမခုနှစ်လအတွင်း ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သည့် ဘုရားဖူးဧည့်သည် ၃.၇ သန်းကျော်ရှိကြောင်း သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်များ လာရောက်လေ့ရှိသော နေရာများအနက် ထိပ်ဆုံး၌ ပါဝင်နေသည့် ရွှေတိဂုံစေတီတော်သို့ ဒေသံစံတော်ချိန် နံနက် ၄ နာရီမှ ၁၀ နာရီအထိ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar’s famed Shwedagon Pagoda attracts over 440,000 visitors in July
YANGON, Aug. 6 (Xinhua) — Myanmar’s famed Shwedagon Pagoda attracted 440,917 local and foreign visitors in July this year, the state-run Myanmar Radio and Television reported on Tuesday, citing the pagoda’s board of trustees.
The total visitors included 5,389 foreign tourists, the report said.
The Shwedagon Pagoda, also known as the golden pagoda in Myanmar, attracted over 3.7 million visitors in the first seven months of 2024, the report added.
The visiting hours for the Shwedagon Pagoda, which is one of top destinations in the Southeast Asian country, are set from 4 a.m. to 10 p.m. local time.
Photo: People visit the Shwedagon Pagoda in Yangon, Myanmar, on Aug. 6, 2022. (Photo by Myo Kyaw Soe/Xinhua)