Connect with us

Africa & Middle East

ယီမင်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူ ၃၉ ဦးထက်မနည်းသေဆုံး

ယီမင်နိုင်ငံ ဆန်နားမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံနေသော လမ်းမအလယ် မော်တော်ဆိုင်ကယ်စီးနေသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်နား၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးအာဏာပိုင်များက ဩဂုတ် ၇ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ သေဆုံးသူများမှာ Hodeidah ပြည်နယ်တွင် ၃၀ ဦးနှင့် Taiz ပြည်နယ်တွင် ၉ ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် Hodeidah ပြည်နယ်တွင် အိမ်ထောင်စု ၅၀၀ နီးပါးမှာ နေအိမ်များရေနစ်မြုပ်ခြင်းကြောင့် နေရပ်ရွှေ့ပြောင်းနေရထိုင်ရကြောင်း ဒေသတွင်း ကျန်းမာရေးအာဏာပိုင်များက ပြောခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟူသီပိုင် မီဒီယာကလည်း ဩဂုတ် ၇ ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် Hodeidah ပြည်နယ်တွင် လူဦးရေဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယင်းဒေသရှိ တောင်ကြားများနှင့်လည်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး လူနေရပ်ကွက်များ သီးခြားစီဖြစ်သွားခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းများလည်း အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံအဆောက်အအုံနှင့် လူနေအိမ်များ ဆိုးဝါးစွာထိခိုက်ခဲ့ရကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/VUC

……………………………………..
(English Version)
At least 39 killed due to heavy rains, floods in northern Yemen
SANAA, Aug. 7 (Xinhua) — Heavy rains and floods killed at least 39 people in northern Yemen over the past 24 hours, local health authorities reported on Wednesday.
The fatalities included 30 in the province of Hodeidah and nine in Taiz, they said.
Nearly 500 families in Hodeidah have been forced to flee their homes after being trapped by rising waters, they said.
Meanwhile, Houthi media outlets reported that dozens of people were injured, and five were still unaccounted for in Hodeidah due to severe flooding early on Wednesday.
Many valleys in the region were cut off, isolating communities and hampering rescue efforts, the outlets reported, adding that the natural disaster has also inflicted severe damage on infrastructure and property.
Photo 1: A motorist drives in the middle of a road that is flooded by heavy rains in Sanaa, Yemen, on Aug. 6, 2024. (Photo by Mohammed MohammedXinhua)