Connect with us

Myanmar

မြန်မာနိုင်ငံက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြပွဲ ပြုလုပ်မည်

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ပြုလုပ်မည့်ကြေညာချက်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ရန်ကုန်မြို့တွင် စက်တင်ဘာလ၌ ပြုလုပ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒအောင်က ပြောကြားခဲ့သည်။
ပြိုင်ပွဲဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနေရာများ၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဓလေ့ထုံးတမ်းအစဉ်အလာပုံရိပ်များကို အလေးထားရိုက်ကူးထားသော ဓာတ်ပုံများကို ဩဂုတ် ၅ ရက်မှ ၂၃ ရက်အတွင်း တင်သွင်းရန်လိုအပ်ကြောင်း ၎င်းက ဆင်ဟွာသို့ ပြောခဲ့သည်။
အနိုင်ရရှိသော ဓာတ်ပုံများကို နေပြည်တော်တွင် စက်တင်ဘာ ၂၇ ရက်၌ ကျင်းပမည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကျင်းပစဉ် ထည့်သွင်းကြေညာမည်ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်ပုံများက မြန်မာ့ခရီးသွားလုပ်ငန်းကို ဖော်ထုတ်မြှင့်တင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲအပြင် ဆောင်းပါးနှင့် ဗီဒီယိုပြိုင်ပွဲများကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar holds photo contest to mark upcoming World Tourism Day
YANGON, Aug. 7 (Xinhua) — Myanmar’s Ministry of Hotels and Tourism is hosting a photography competition in Yangon to mark the upcoming World Tourism Day 2024 in September, U Nanda Aung, director of the Directorate of Hotels and Tourism said on Wednesday.
Contest participants are required to submit their works from Aug. 5 to 23, focusing on Myanmar’s tourism destinations as well as costumes and traditions of ethnic groups in the Southeast Asian country, he told Xinhua.
Winning photos will be put on display in celebrating the World Tourism Day 2024 on Sept. 27 in Nay Pyi Taw, where the awards will be presented. Additionally, these photos will serve promoting Myanmar’s tourism industry, he said.
In addition to the photo contest, feature article and video clips competitions are also being held to mark the tourism day, he said.