Connect with us

Agriculture

မြန်မာနိုင်ငံတွင် ပြည်တွင်း စားသုံးဆီဖူလုံရေး မြှင့်တင်ရန် ပထမဆုံး ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ တည်ဆောက်

ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ - Myanmar Rice Bran Oil Company Limited (MRBO)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တွင် ပထမဆုံး ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံကို တည်ဆောက်လျက်ရှိကြောင်း Myanmar Rice Bran Oil Company Limited (MRBO) ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လမ်းညွှန်မှုအရ MRBO အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလတွင် တန် ၂၀၀ ဖွဲနုဆီကြမ်းစက်ရုံနှင့် တန် ၅၀ ဆီချောစက်ရုံတို့ကို စတင်တည်ဆောက်ခြင်း မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုံ၏ တစ်နှစ်ထုတ်လုပ်မှုပမာဏမှာ ဆီကြမ်း တန် ၉,၀၀၀ နှင့် ဆီချော တန် ၆,၃၀၀ ထုတ်လုပ်ရရှိနိုင်မည်ဟု ကုမ္ပဏီက ဆိုသည်။
ဆီချောစက်ရုံမှ ထွက်ရှိလာသော အဆင့်မြင့် ဖွဲနုဆီများကို ပြည်တွင်းစားသုံးဆီဈေးကွက်သို့ ဖြန့်ဖြူးရောင်းချမည်ဖြစ်ပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ထို့ပြင် အဆိုပါ စီမံကိန်းက ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ပေးနိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖွဲနုဆီထုတ်လုပ်ခြင်းအားဖြင့် လယ်ယာကဏ္ဍနှင့် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကာ ဒေသခံဆန်စက်လုပ်ငန်းရှင်များအတွက် ဝင်ငွေတိုးတက်ရရှိစေနိုင်မည်ဟု MRBO က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် ဖွဲနုဆီထုတ်စက်ရုံကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ပြောကြားချက်အား ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ (Xinhua)


………………….
(English Version)
Myanmar builds first rice bran oil plant to boost local oil self-sufficiency
YANGON, Sept. 9 (Xinhua) — Myanmar is constructing its first rice bran oil plant in the Pyinmana township of Nay Pyi Taw Union Territory, according to a statement from Myanmar Rice Bran Oil Company Limited (MRBO) on Monday.
Under the guidance of the union government and Myanmar Rice Federation, MRBO has been building a 200-ton crude rice bran oil plant, along with a 50-ton oil refinery since February this year.
The plant will have the capacity to produce 90,000 tons of crude oil and 6,300 tons of refined oil annually, the company said.
The production of rice bran oil aims to achieve self-sufficiency in edible oil for the domestic market while also exporting to the international market as a new Myanmar agricultural product. Additionally, the project is expected to create job opportunities and support local development, it said.
The production of rice bran oil will contribute to the development of the agricultural and rice sectors in Myanmar, boosting income for local rice mill owners, the company added.
An official media report, citing U Ye Min Aung, president of Myanmar Rice Federation, said that operation of the rice bran oil plant is expected to begin by early 2025.