Connect with us

Africa & Middle East

ကမ္ဘောဒီးယားနိုင်ငံ၏ ကျေးလက်ဒေသ ရေပေးဝေရေး၊ မိလ္လာစနစ်၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု တိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၉၃.၆ သန်း အတည်ပြု

ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာရှိ ADB ဘဏ်ရုံးချုပ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ လိုဂိုအား ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ရာသီဉတုဒဏ် ကြံ့ကြံ့ခံနိုင်ရေးနှင့် အားလုံးအကျုံးဝင်သော ကျေးလက်ဒေသ ရေပေးဝေရေး၊ မိလ္လာစနစ်၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (WASH) အဆောက်အအုံများ မွမ်းမံရေးနှင့် တိုးချဲ့ရေးတို့အတွက် ချေးငွေနှင့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၉၃.၆ သန်းအား အတည်ပြုခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက်တင်ဘာ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ကျေးလက်ဒေသ ရေပေးဝေရေး၊ မိလ္လာစနစ်၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု တိုးတက်ကောင်းမွန်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်နယ် ၉ ခုရှိ ဒေသပေါင်း ၅၀ မှ ကျေးရွာပေါင်း ၄၀၀ ရှိ အိမ်ထောင်စု ၈၈,၀၀၀ ခန့်အား အကျိုးပြုနိုင်မည်ဟု မျှော်လင့်ရသည်။
ကျေးလက်ဒေသများ၌ ဘေးကင်းစိတ်ချရစေရန် စီမံထားသော ရေပေးဝေရေး ဝန်ဆောင်မှုများနှင့် အခြေခံ တစ်ကိုယ်ရေသန့်ရှင်းရေး အဆောက်အအုံများကို လူတန်းစားမရွေး အသုံးပြုနိုင်ရန်နှင့် ဘေးကင်းစိတ်ချရစေရန် စီမံထားသော သန့်စင်ခန်းများကို ပိုမိုလက်လှမ်းမီစေရေးနှင့် ကုန်ကျစရိတ် သင့်တင့်မှုရှိရေးအတွက် ကိုင်တွယ်ဆောင်ရွက်ရန် အစိုးရ၏ ကြိုးပမ်းမှုများကို ထိုအစီအစဉ်က အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း သိရသည်။
“ဒီအစီအစဉ်ဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ကျေးလက်နေပြည်သူတွေအတွက် အဓိကဦးတည်ခြင်းအားဖြင့် ‘WASH for all’ လုပ်ငန်းစဉ်ကို အထောက်အကူပြုပါတယ်” ဟု ADB ၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး ဂျော့ဆာနာဗာမာက ပြောကြားခဲ့သည်။

“ရပ်ရွာလူထုက စီမံခန့်ခွဲတဲ့ WASH အဆောက်အအုံတွေကို စီမံခန့်ခွဲရာမှာ အုပ်ချုပ်မှုပိုင်း ခိုင်မာအားကောင်းစေဖို့၊ ရေရှည်တည်တံ့နိုင်မှု၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်မှုတို့အတွက် အစိုးရရဲ့ စီမံကိန်းကို အားဖြည့်ပေးမယ့် ပြုပြင်ပြောင်းလဲမှုတွေကို အဆိုပြုထားပါတယ်” ဟု ၎င်းက ဆိုသည်။
Banteay Meanchey ၊ Battambang ၊ Kampong Speu ၊ Kampot ၊ Kratie ၊ Oddar Meanchey ၊ Pailin ၊ Preah Vihear နှင့် Stung Treng ပြည်နယ်တို့တွင် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သုံးသန်းနှင့် နည်းပညာပိုင်းအကူအညီ အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ ပေးအပ်ခြင်း အပါအဝင် ထိုအစီအစဉ်အား အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ဘေးကင်းစွာစီမံထားသော ရေပေးဝေမှုနှင့် လက်လှမ်းမီမှု ၂၉ ရာခိုင်နှုန်းရှိခဲ့ကာ ကျေးလက်ဒေသများတွင် ပိုမိုနည်းပါးခဲ့ပြီး ၂၀ ရာခိုင်နှုန်းသာရှိကြောင်း၊ ဘေးကင်းစွာစီမံထားသော မိလ္လာစနစ်များကို အသုံးပြုနိုင်မှုသည်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ၃၇ ရာခိုင်နှုန်းရှိကာ ကျေးလက်ဒေသများတွင်မူ ၃၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း ADB က ထုတ်ပြန်ခဲ့သည်။
ကျေးလက်နေလူဦးရေ ၂ သန်းခန့်က စနစ်တကျ မစင်မစွန့်သည့်အတွက် မြေပြင်နှင့်ရေပြင် သယံဇာတ အရင်းအမြစ်များကို ညစ်ညမ်းစေကာ ရေမှတစ်ဆင့်ဖြစ်ပွားသော ကူးစက်ရောဂါများကို အားပေးလျက်ရှိကြောင်း ADB က ဆိုသည်။
အထူးသဖြင့် တိုနယ်ဆပ်ရေကန်တစ်လျှောက်ရှိ ပြည်နယ်များမှ ဒေသခံများဖြစ်သည့် လူဦးရေ တစ်သန်းကျော်သည် ADB က ကူညီထောက်ပံ့သော WASH ဝန်ဆောင်မှုများကြောင့် ၂၀၀၅ ခုနှစ်ကတည်းက အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
ADB approves 93.6 mln USD financing to Cambodia for rural water supply, sanitation, hygiene improvement
PHNOM PENH, Sept. 2 (Xinhua) — The Asian Development Bank (ADB) approved 93.6 million U.S. dollars in loans and grants to improve and expand climate-resilient and inclusive rural water supply, sanitation and hygiene (WASH) facilities in Cambodia, said its news release on Monday.
The Rural Water Supply, Sanitation, and Hygiene Improvement Sector Development Program is expected to benefit approximately 88,000 households in 400 villages in 50 communes across nine provinces in the Southeast Asian country.
The program will support government efforts to provide universal access to safely managed water supply services and basic hygiene facilities in rural areas and improve access to safely managed sanitation facilities while also addressing affordability.
“The program supports ‘WASH for all’ by prioritizing rural populations in remote areas,” said ADB Country Director for Cambodia Jyotsana Varma.
“It proposes reforms to strengthen governance in the management of community-managed WASH facilities and scale up government planning for sustainability and climate resilience,” she added.
The program, including a grant of 3 million dollars and a technical assistance of 600,000 dollars, will be carrying out in Banteay Meanchey, Battambang, Kampong Speu, Kampot, Kratie, Oddar Meanchey, Pailin, Preah Vihear, and Stung Treng provinces, according to the news release.
In 2022, access to safely managed water supply was at 29 percent for the country and even lower at 20 percent in rural areas while access to safely managed sanitation was 37 percent nationally and 34 percent in rural areas, the news release said.
Open defecation was practiced by about 2 million rural residents, which exposes land and water resources to contamination and contributes to waterborne infections, it added.
According to the news release, since 2005, more than 1 million people, particularly the residents of the provinces along the Tonle Sap Lake, have already benefited from ADB-supported WASH services. Enditem
English Caption
File photo taken on Sept. 16, 2008 shows the logo of the Asian Development Bank (ADB) at its headquarters in Manila, capital of the Philippines. (Xinhua/Liu Hua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.