Connect with us

International Organizations

ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်၌ ဒိုင်နမိုဇာဂရက်ဘ်အား ၉ ဂိုးသွင်းယူကာ ဂိုးမိုးရွာခဲ့သည့် ဘိုင်ယန်မြူးနစ်

ဘာလင်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းက ဒိုင်နမိုဇာဂရက်ဘ်အသင်းကို ၉-၂ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရခဲ့ကာ အဖွင့်လှခဲ့ပြီး နာမည်ကြီးတိုက်စစ်မှူးဟယ်ရီကိန်း တစ်ဦးတည်းက လေးဂိုးသွင်းယူပေးခဲ့သည်။
ဘိုင်ယန်အသင်းက ပွဲစကတည်းက အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ဂျမားမူစီယာလာနှင့် ဆာ့ဂျ်နာဘရီတို့က ဦးဆောင်ဂိုးနှစ်ဂိုးကို စောစောစီးစီး သွင်းယူပေးခဲ့သော်လည်း ပယ်ဖျက်ခံခဲ့ရသည်။ သို့သော် ပင်နယ်တီဧရိယာထဲတွင် ရိုနာအယ်လ် ပီရဲယ်-ဂါဘရီရယ်က အလက်ဇန်းဒါး ပက်ဗ်လိုဗစ်အား ပြစ်ဒဏ်ကျူးလွန်ရာမှ ရရှိခဲ့သည့် ပင်နယ်တီကို တိုက်စစ်မှူးဟယ်ရီကိန်းက ပွဲချိန်မိနစ် ၂၀ တွင် အမှားအယွင်းမရှိ ကန်သွင်းကာ ဦးဆောင်ဂိုးရယူပေးခဲ့သည်။
ထို့နောက် ပွဲချိန် ၃၃ မိနစ်တွင် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ရာဖေးဂွါရဲရိုးက ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ အဆိုပါဂိုးအား လူကျွံမကျွံ VAR ဖြင့် ပြန်ကြည့်ပြီးမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ဇာဂရက်ဘ်အသင်းက ဘိုင်ယန်အသင်းကို ထိန်းချုပ်ရာတွင် ရုန်းကန်ခဲ့ရပြီး နည်းပြဗင်းဆင့်ကွန်ပနီ၏ ဘိုင်ယန်အသင်းသည် ပထမပိုင်းမပြီးဆုံးမီတွင် ဦးဆောင်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ကာ အဆိုပါဂိုးအား ဂျိုရှူအာ ကင်းမစ်ချ်၏ ဖြတ်တင်ဘောမှတစ်ဆင့် ကစားသမားသစ် မိုက်ကယ်အိုလစ်ဆီက အနီးကပ်သွင်းယူပေးခဲ့သည်။
အိမ်ရှင်ဘိုင်ယန်အသင်းက သုံးဂိုးပြတ်ဦးဆောင်ထားချိန်တွင် ကစားအားလျှော့ချလိုက်သည့်အတွက် ဇာဂရက်ဘ်အသင်းက ပြန်လည်ဖိအားပေးကစားလာခဲ့ရာ မာကိုဂျာကာက နောက်ပေါက်ဖြင့်ချပေးကာ ဖန်တီးပေးမှုမှတစ်ဆင့် ဘရူနို ပက်ထ်ကိုဗစ်က ချေပဂိုးပြန်လည်သွင်းယူခဲ့သည့်အတွက် ၃-၁ ဂိုး ဖြစ်သွားခဲ့သည်။ ဇာဂရက်ဘ်အသင်းက ဘိုင်ယန်မြူးနစ်အသင်း၏ အလစ်အငိုက်ကို အခွင့်ကောင်းယူ၍ တခုယ အိုဂိဝါရက ဘိုင်ယန်မြူးနစ် အရန်ဂိုးသမား ဆဗင်အူလ်ရစ်ချ်၏ ပေါင်ကြားထဲမှတစ်ဆင့် အပိုင်ကန်သွင်းယူကာ ဒုတိယချေပဂိုးအား သွင်းယူပေးခဲ့သည်။
ထို့နောက် ဘိုင်ယန်အသင်းက ပွဲကိုပြန်လည်ထိန်းချုပ်ကာ တိုက်စစ်မှူးဟယ်ရီကိန်းက ပွဲချိန် ၅၇ မိနစ်တွင် အနီးကပ်ကန်သွင်း၍လည်းကောင်း၊ တောင်ပံတိုက်စစ်မှူး အိုလစ်ဆီက ပွဲချိန် ၆၁ မိနစ်တွင်လည်းကောင်း၊ ဦးဆောင်ဂိုးများ အသီးသီးသွင်းယူပေးခဲ့သည်။ ဘိုင်ယန်အသင်း ထပ်မံရရှိခဲ့သည့် ပင်နယ်တီနှစ်လုံးကိုလည်း တိုက်စစ်မှူးဟယ်ရီကိန်းက အမှားအယွင်းမရှိ သွင်းယူပေးခဲ့ခြင်းကြောင့် ပွဲချိန် ၇၈ မိနစ်အရောက်တွင် ဘိုင်ယန်က ၇-၂ ဂိုးဖြင့် ဦးဆောင်ထားခဲ့သည်။
ဘိုင်ယန်အသင်း၏ သွင်းဂိုးများမှာ ရပ်တန့်သွားခြင်းမရှိဘဲ လီရွိုင်းဆာနေးက ပင်နယ်တီဧရိယာအစပ်မှ ဂိုးတိုင်၏အောက်ခြေထောင့်သို့ ဝေ့ဝိုက်ကန်သွင်း၍လည်းကောင်း၊ လူစားဝင်ကစားသမား လီယွန်ဂေါ့ဇ်ကာက ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်၍လည်းကောင်း၊ အနိုင်ဂိုးများ ထပ်မံသွင်းယူပေးခဲ့သည့်အတွက် ပွဲအပြီးတွင် ဘိုင်ယန်အသင်းက ၉-၂ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ဘိုင်ယန်အသင်းသည် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတည်းတွင် သွင်းဂိုး ၉ ဂိုးအထိ သွင်းယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
“တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲပါ။ ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းအစကို သင်ခန်းစာယူရပါမယ်။ ပေးဂိုးနှစ်ဂိုး ပေးလိုက်ရတဲ့အချိန်မှာ ကျွန်တော်တို့ ကစားအားမြှင့်ပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်” ဟု တိုက်စစ်မှူးဟယ်ရီကိန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဘိုင်ယန်အသင်းနည်းပြ ဗင်းဆင့်ကွန်ပနီကလည်း “ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ဇာဂရက်ဘ်က နှစ်ဂိုးပြန်သွင်းနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီး ကျန်ပါသေးတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)


………………………..


(English Version)
UEFA Champions League: Bayern crush Dinamo Zagreb in a goal festival
BERLIN, Sept. 17 (Xinhua) — Harry Kane scored four goals to lead Bayern Munich to a commanding 9-2 win over Dinamo Zagreb on Tuesday in the opening round of the Champions League season.
Bayern started brightly, with two early goals disallowed from Jamal Musiala and Serge Gnabry. Kane finally broke the deadlock from the penalty spot in the 20th minute after Ronael Pierre-Gabriel fouled Aleksandar Pavlovic in the box.
Bayern thought they had another goal ruled out for offside on the half-hour mark, but after a VAR review, Raphael Guerreiro’s goal was allowed. Zagreb struggled to contain Bayern, and Vincent Kompany’s side extended their lead before the break when Joshua Kimmich’s cross was met by new signing Michael Olise from close range.
The hosts seemed content with their three-goal advantage and eased off, allowing Zagreb to stage a comeback. Marko Pjaca’s backheel pass found Bruno Petkovic, who made it 3-1. Bayern was caught off guard, and Zagreb took advantage when Takuya Ogiwara nutmegged back-up goalkeeper Sven Ulreich five minutes from time.
Bayern regained control of the match at the hour mark when Kane tapped in from close range to restore their two-goal lead. Zagreb’s resilience was broken as Olise slotted home following Musiala’s fine build-up work. Kane added two more penalties to make it 7-2 by the 78th minute.
Bayern wasn’t done yet, as Leroy Sane curled the ball into the bottom corner from the edge of the penalty area, and substitute Leon Goretzka headed in Kimmich’s corner to complete the 9-2 victory. The result makes Bayern the first team ever to score nine goals in a Champions League match.
“It was an amazing game. We had a really good first half. But we must learn from the start of the second half. After the two goals, we stepped up a gear and sealed the deal,” said Kane.
“I am proud of the boys. We kept our composure despite the two Zagreb goals. We still have a lot of work to do,” said coach Vincent Kompany. Enditem