Connect with us

International Organizations

၂၀၂၄ ခုနှစ် စက်တင်ဘာ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ကျင်းပသော Macao Open Badminton 2024 ကြက်တောင်ရိုက်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ကစားမှုမြင်ကွင်း (ဆင်ဟွာ)

–အာရှဆောင်းရာသီအားကစားပွဲ ပြင်ဆင်မှုအပေါ် ချီးကျူးပြောဆို
တရုတ်နိုင်ငံ၏ “ရေခဲမြို့” ဟု ရံဖန်ရံခါ ရည်ညွှန်းခေါ်ဆိုလေ့ရှိသော ဟာအယ်ပင်းမြို့တွင် ကျင်းပမည့် ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီအားကစားပွဲအတွက် ပြင်ဆင်မှုများကို Chefs de Mission ဆွေးနွေးပွဲအတွင်း ကိုယ်စားလှယ်များက အပြုသဘောချီးကျူးခဲ့ကြသည်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာအယ်ပင်းမြို့တွင် စက်တင်ဘာ ၂၃ ရက်က ကျင်းပသော အဆိုပါ ဆွေးနွေးပွဲကို အမျိုးသားအိုလံပစ်ကော်မတီ (NOCs) မှ ကိုယ်စားလှယ် ၃၂ ဦး တက်ရောက်ခဲ့သလို အိုက်ချီ-နာဂိုယာ အားကစားပွဲဖြစ်မြောက်ရေးကော်မတီနှင့် Trojena အာရှ ဆောင်းရာသီ အားကစားပွဲဖြစ်မြောက်ရေးကော်မတီတို့မှ လေ့လာသူများလည်း တက်ရောက်ခဲ့ကြသည်။
…..
–အဲလ်ဗာတန်အသင်းကို အမေရိကန်ပိုင် Friedkin Group ထံရောင်းချရန် သဘောတူ
အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော ‘The Friedkin Group’ က အဲလ်ဗာတန်အသင်းပိုင်ရှင် Farhad Moshiri ၏ ရှယ်ယာ ၉၄ ရာခိုင်နှုန်းကိုဝယ်ယူရန် မူလသဘောတူစာချုပ်မှ နုတ်ထွက်ပြီး နှစ်လကြာပြီးနောက် ပရီးမီးယားလိဂ်ကလပ်အသင်း အဲလ်ဗာတန်ကို ဝယ်ယူရန် သဘောတူခဲ့သည်။
…..
— Macao Open Badminton 2024 ကြက်တောင်ရိုက်ပြိုင်ပွဲ
တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုတွင် Macao Open Badminton 2024 ကြက်တောင်ရိုက်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်၌ ကျင်းပခဲ့သည်။ (Xinhua)


……………………….
(English Version)
Preparation of Asian Winter Games wins praise
HARBIN, Sept. 24 (Xinhua) — The preparation for the ninth Asian Winter Games in Harbin, often referred to as China’s “Ice City,” has received positive feedback from representatives during the Chefs de Mission Seminar.
The seminar, held in Harbin in northeast China’s Heilongjiang province on Monday, brought together representatives from 32 National Olympic Committees (NOCs). Observers from the Aichi-Nagoya Asian Games Organizing Committee and the Trojena Asian Winter Games Organizing Committee were also in attendance.
…..
Everton reach agreement for club sale with US owned Friedkin Group
LONDON, Sept. 23 (Xinhua) — The US company, ‘The Friedkin Group’ has agreed to buy Premier League club Everton, two months after originally pulling out of a deal to buy 94 percent of Everton owner Farhad Moshiri.
…..
(SP)CHINA-MACAO-BADMINTON-BWF WORLD TOUR-MACAO OPEN(CN)
MACAO, Sept. 24, 2024 (Xinhua) — Liu Liang of China hits a return during the men’s singles qualification first round match between Liu Liang of China and Chan Yin Chak of China’s Hongkong at Macao Open Badminton 2024 in Macao, south China, Sept. 24, 2024. (Xinhua/Cheong Kam Ka)