Connect with us

International Organizations

၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

 

–ပဲရစ်မသန်စွမ်းအိုလံပစ်ပွဲ လက်မှတ်ရောင်းချမှု ၂.၃ သန်းကျော်လွန်သွား
–တရုတ်နိုင်ငံက ပဲရစ်မသန်စွမ်းအားကစားပွဲတွင် ရွှေတံဆိပ်ဆု ၇ ခု ရရှိ၊ ကိုယ်ဝန်ဆောင် မြားပစ်သမား အောင်ပွဲဆင်
တရုတ်ကြက်တောင်ရိုက်အားကစားသမားများသည် ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲတွင် ရွှေတံဆိပ်ဆု ၇ ခု ရရှိနေပြီဖြစ်ကာ ကိုယ်ဝန်ဆောင် မြားပစ်သမား Jodie Grinham သည် မသန်စွမ်းအိုလံပစ်ဆုတံဆိပ်ရရှိခဲ့သော ပထမဆုံး ကိုယ်ဝန်ဆောင်အားကစားသမားအဖြစ် သမိုင်းဝင်ဖြစ်လာခဲ့သည်။
….
၂၀၂၄ ခုနှစ် ပဲရစ် မသန်စွမ်းအိုလံပစ်အားကစားပွဲ လက်မှတ်ရောင်းချရမှုသည် သီတင်းပတ်ကုန်ပြီးနောက် အရေအတွက် ၂.၃ သန်းအထိ ရောက်ရှိသွားခဲ့ကြောင်း အားကစားပွဲဖြစ်မြောက်ရေးစီစဉ်သူများက စက်တင်ဘာ ၂ ရက်၌ ကြေညာခဲ့သည်။
“လက်မှတ်ရောင်းအားက ဆက်လက်မြင့်တက်နေတာ သတင်းကောင်းပါပဲ။ ခုဆိုရင် မသန်စွမ်းအားကစားပွဲ လက်မှတ်ရောင်းချမှု ၂.၃ သန်းရှိပြီဆိုတဲ့ မှတ်တိုင်ကို ရောက်ရှိလာခဲ့ပါပြီ။ ကျွန်မတို့အားလုံးအတွက် အောင်မြင်မှုပါပဲ” ဟု ၂၀၂၄ ခုနှစ် ပဲရစ် မသန်စွမ်းအိုလံပစ်အားကစားပွဲဖြစ်မြောက်ရေးကော်မတီ၊ ဆက်သွယ်ရေးအမှုဆောင်ညွှန်ကြားရေးမှူး Anne Descamps က ပြောခဲ့သည်။
……
–မန်ယူနောက်ခံလူဟောင်း တဲလ်လက်စ် ဘိုတာဖိုဂိုအသင်းသို့ ပြောင်းရွှေ့မည်
ဘရာဇီး စီးရီးအေ ခေါင်းဆောင် ဘိုတာဖိုဂိုအသင်းသည် မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း အဲလက်စ် တဲလ်လက်စ်နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဘရာဇီး အပြောင်းအရွှေ့ရာသီ နောက်ဆုံးနေ့တွင် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် နှစ်နှစ်ခွဲစာချုပ်ကို တဲလ်လက်စ်က သဘောတူလိုက်ကြောင်း Globo Esporte က စက်တင်ဘာ ၂ ရက်၌ သတင်းဖော်ပြခဲ့သည်။ (Xinhua)
#ParisParalympics #AlexTelles #GoldMedal #ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲ #အဲလက်စ်တဲလ်လက်စ် #ရွှေတံဆိပ်

————————-
(English Version)
Paralympics | Day 5: China shuttlers bag seven golds, pregnant archer wins title
PARIS, Sept. 3 (Xinhua) — Chinese badminton players showcased their dominance at the Paris Paralympics on Monday, securing an impressive seven gold medals, while para-archer Jodie Grinham made history as the first pregnant athlete to win a Paralympic medal.
Photo 1: Li Fengmei of China celebrates victory after the women’s singles SH6 gold medal match of para badminton against Lin Shuangbao of China at the Paris 2024 Paralympic Games in Paris, France, Sept. 2, 2024. (Xinhua/He Canling)
….
Paralympics | Paris Paralympics ticket sales exceed 2.3 million
PARIS, Sept. 2 (Xinhua) — Ticket sales of the Paris 2024 Paralympic Games have reached 2.3 million after the weekend, the organizers announced here on Monday.
“The great news is that ticket sales are continuing to fly. We have now reached the milestone of 2.3 million tickets sold for the Paralympic Games. It’s a success for all of us,” said Anne Descamps, Executive Director of Communication of the Paris 2024 Organizing Committee.
……
Ex-Man United defender Telles set for Botafogo move
RIO DE JANEIRO, Sept. 2 (Xinhua) — Brazilian Serie A leaders Botafogo have reached an agreement to sign former Manchester United defender Alex Telles, according to widespread media reports in the South American country.
Telles agreed to a two-and-half-year deal after swift negotiations on the final day of Brazil’s transfer window, Globo Esporte reported on Monday.
….

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.