Connect with us

Asia

ဝန်ကြီးချုပ်သစ် ပေထွန်ထန် လက်အောက်တွင် တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့သစ်အား ထိုင်းဘုရင် အတည်ပြုခန့်အပ်

ဝန်ကြီးချုပ်ရာထူးအတွက် ဘုရင်၏ အတည်ပြုခန့်အပ်လွှာ လက်ခံရရှိပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဖြူထိုင်းပါတီရုံးချုပ်၌ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ပေထွန်ထန် ရှင်နာဝပ်ထရာ (ယာ-ပထမ) မိန့်ခွန်းပြောနေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Thai Government House/Handout via Xinhua)

ဘန်ကောက်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ဝန်ကြီးချုပ် ပေထွန်ထန် ရှင်နာဝပ်ထရာ၏ ဦးဆောင်မှုအောက်တွင် တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့သစ်အား အတည်ပြုခန့်အပ်ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် တော်ဝင်အမိန့်ပြန်တမ်းအရ သိရသည်။

ဘုရင် မဟာဝဇီရာလောင်ကွန်းက ဒုတိယဝန်ကြီးချုပ် ၆ ဦးနှင့် အခြားဝန်ကြီးများ အပါအဝင် ဝန်ကြီးချုပ် ပေထွန်ထန် ရွေးချယ်ထားသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီး ၃၅ ဦးအား ခန့်အပ်တာဝန်ပေးကြောင်း တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ပေထွန်ထန် ရှင်နာဝပ်ထရာသည် ဩဂုတ်လတွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြုခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)
…………………….
(English version)

Thai King endorses new cabinet under PM Paetongtarn

BANGKOK, Sept. 4 (Xinhua) — Thailand’s King Maha Vajiralongkorn has endorsed members of a new cabinet under the leadership of Prime Minister Paetongtarn Shinawatra, a royal command said on Wednesday.

According to the official Royal Gazette, the king appointed 35 cabinet ministers as selected by Paetongtarn, including six deputy prime ministers and other ministers, after her endorsement as the new prime minister of the Southeast Asian country last month. Enditem

English Caption
Thailand’s new Prime Minister Paetongtarn Shinawatra (1st R) gives a speech after receiving the royal endorsement for the post at the headquarters of the Pheu Thai party in Bangkok, Thailand, Aug. 18, 2024. (Thai Government House/Handout via Xinhua)