Connect with us

Politics, Law & Military

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရသည့် မာရစ်စ် ဆန်အီယမ်ပွန်ဆာထံ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်စ် ဆန်အီယမ်ပွန်ဆာတို့ တရုတ်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးညှိနှိုင်းရေးယန္တရား ဒုတိယအကြိမ် အစည်းအဝေး၌ တွေ့ဆုံဆွေးနွေးကာ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူနေပုံကို ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရသည့် မာရစ်စ် ဆန်အီယမ်ပွန်ဆာထံ စက်တင်ဘာ ၇ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ကာ မိမိတို့နှစ်နိုင်ငံသည် မိသားစုတစ်စုတည်း ဖြစ်သည်ဟုလည်း ပြည်သူများ၏ စိတ်သန္တာန်၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျက်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာကျကျ လမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည် အပြုသဘောဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုများကို ဖန်တီးပေးခဲ့ကြောင်းလည်း ဝမ်က ဆိုသည်။

လာမည့်နှစ်သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့်မြောက်သည့် အခါသမယ ဖြစ်သည့်အလျောက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှု အခွင့်အလမ်းအသစ်များအတွက် ကဏ္ဍသစ် ဖွင့်လှစ်ပေးလိမ့်မည်ဖြစ်ကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှုသည် အိမ်နီးချင်း သံခင်းတမန်ခင်း ဆက်ဆံရေးတွင် ဦးစားပေးကိစ္စရပ်အဖြစ် တရုတ်နိုင်ငံက ရှုမြင်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိခဲ့သည့် အရေးပါသော တူညီဆန္ဒများကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား ပိုမိုနက်နဲ၍ ပိုမိုလက်တွေ့ကျစွာ အထောက်အကူပြုရေးအတွက် ထိုင်းနိုင်ငံနှင့် လက်တွဲအလုပ်လုပ်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)
——————————
(English Version)
Chinese FM congratulates Thai FM on reappointment
BEIJING, Sept. 7 (Xinhua) — Chinese Foreign Minister Wang Yi on Saturday sent a congratulatory message to Maris Sangiampongsa on his reappointment as Thailand’s foreign minister.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said in his message that China and Thailand are close and friendly neighbors, and that “China and Thailand are one family” is deeply rooted in the hearts of the people.
In recent years, under the strategic guidance of the leaders of the two countries, the construction of a community with a shared future between China and Thailand has made continuous positive progress, he added.
Wang noted that as next year marks the 50th anniversary of the establishment of diplomatic relations between China and Thailand, it will usher in new development opportunities for their bilateral relationship.
China sees the development of China-Thailand relations as a priority in its neighboring diplomacy, and is willing to work with Thailand to further implement the important consensus reached by the leaders of the two countries and promote the construction of a community with a shared future to go deeper and be more practical, he said. Enditem
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks and co-chairs the second meeting of the Consultation Mechanism between the Ministers of Foreign Affairs of China and Thailand with his Thai counterpart Maris Sangiampongsa, in Beijing, capital of China, July 9, 2024. (Xinhua/Yue Yuewei)