Connect with us

International Organizations

၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၊ Danube မြစ်တစ်လျှောက် ၃၉ ကြိမ်မြောက် Wizz Air ဘူဒါပတ်စ် မာရသွန်တာဝက်အပြေးပြိုင်ပွဲအတွင်း ယှဉ်ပြိုင်နေသော အပြေးသမားများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

— Wizz Air ဘူဒါပတ်စ် မာရသွန်တာဝက်အပြေးပြိုင်ပွဲ ပုံမှန်အတိုင်း ပြန်လည်ကျင်းပ
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့တွင် ၃၉ ကြိမ်မြောက် Wizz Air ဘူဒါပတ်စ် မာရသွန်တာဝက်အပြေးပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်က ကျင်းပခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ဟန်ဂေရီနိုင်ငံတွင် အကြီးဆုံး မာရသွန်တာဝက်အပြေးပြိုင်ပွဲဖြစ်ခဲ့သည်။
ဝင်ရောက်ယှဉ်ပြိုင်သူ ၁၃,၅၀၀၀ ပါဝင်သော အဆိုပါ အပြေးပြိုင်ပွဲသည် ယှဉ်ပြိုင်သူ အပြေးသမား အမြောက်အမြားကို စုစည်းပေးနိုင်ခဲ့သလို နိုင်ငံ၏ အားကစားဖြင့်ခရီးသွားလုပ်ငန်းကို ပြန်လည်နှိုးဆော်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
ယခုနှစ် အပြေးပြိုင်ပွဲသည် နိုင်ငံနှင့် ဒေသ ၁၀၀ နီးပါးမှ အပြေးသမားများ အပါအဝင် နိုင်ငံတကာပရိသတ်များကို သိသိသာသာဆွဲဆောင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ အပျော်တမ်းအပြေးသမားများ လာရောက်သောနေရာအဖြစ် ဘူဒါပတ်စ်၏ ဆွဲဆောင်မှုကိုလည်း ဖော်ပြလျက်ရှိသည်။
….
–AFCON ခြေစစ်ပွဲတွင် ကင်မရွန်းအသင်းက နမီးဘီးယားအသင်းကို ပွတ်ကာသီကာအနိုင်ရရှိ
၂၀၂၅ ခုနှစ် အာဖရိကဖလား (AFCON) ခြေစစ်ပွဲတွင် ကင်မရွန်းအသင်းက နမီးဘီးယားအသင်းကို ၁-၀ ဂိုးဖြင့် နိုင်ရရှိခဲ့သည်။
Garoua မြို့ Roumde Adjia အားကစားရုံတွင် ပရိသတ် ၂၅,၀၀၀ နီးပါးရှေ့တွင် ကင်မရွန်းအသင်းက ပွဲကစားချိန် ၆၅ မိနစ်တွင် အသင်းခေါင်းဆောင် Vincent Aboubakar က အနိုင်ဂိုးမသွင်းယူနိုင်မီက အကြိမ်ပေါင်းများစွာ ဂိုးသွင်းခွင့် လွဲချော်ခဲ့ရသည်။
….
–ဆွစ်ဇာလန်က မာရသွန် T54 ရွှေတံဆိပ်ဆုများ ဆွတ်ခူး
ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပွဲ နောက်ဆုံးယှဉ်ပြိုင်ပွဲနေ့ဖြစ်သော စက်တင်ဘာ ၈ ရက်တွင် ဆွစ်ဇာလန်အသင်းက T54 အမျိုးအစား မာရသွန်ပြိုင်ပွဲ အမျိုးသားပွဲစဉ်ရော အမျိုးသမီးပွဲစဉ်၌ပါ ရွှေတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည်။
အမျိုးသမီးပွဲစဉ်တွင် Catherine Debrunner က ပြိုင်ပွဲစတင်ချိန်မှစ၍ ဦးဆောင်ခဲ့ပြီး ပြိုင်ဘက်ဖြစ်သော ဩစတြေးလျမှ ချန်ပီယံ Madison De Rozario ထက် တစ်နာရီ လေးမိနစ် ၂၃ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။ (Xinhua)


……………………
(English Version)
Wizz Air Budapest Half Marathon returns to normalcy
BUDAPEST, Sept. 8 (Xinhua) — The 39th Wizz Air Budapest Half Marathon took place on Sunday, marking the largest half marathon event in Hungary since the COVID-19 pandemic.
With around 13,500 participants, the event symbolized a strong rebound in runner participation and the revival of sports tourism in the country.
This year’s race drew a significant international crowd, with runners from nearly 100 countries and regions, highlighting Budapest’s growing appeal as a destination for amateur runners worldwide.
Photo: Runners compete during the 39th Wizz Air Budapest Half Marathon along the Danube River in Budapest, Hungary, on Sept. 8, 2024. (Photo by Attila Volgyi/Xinhua)
….
Cameroon kick off AFCON qualifiers with narrow win over Namibia
YAOUNDE, Sept. 8 (Xinhua) — Cameroon began their qualifying campaign for the 2025 Africa Cup of Nations (AFCON) on Saturday with a 1-0 victory over Namibia.
In front of nearly 25,000 spectators at the Roumde Adjia Stadium in northern town of Garoua, the Indomitable Lions missed several scoring opportunities, before finally finding the net in the 65th minute through captain Vincent Aboubakar.
….
Day 11: Switzerland wins both marathon T54 golds
PARIS, Sept. 8 (Xinhua) — Switzerland dominated the marathon T54 category by winning both men’s and women’s golds in the last competition day at the Paris Paralympic Games on Sunday. Catherine Debrunner led the women’s race from the start, finishing one hour four minutes and 23 seconds ahead of Australia’s defending champion Madison De Rozario in 1:41:50.