မြန်မာ-ENG
ရောမမြို့တွင် ကုလသမဂ္ဂအေဂျင်စီများဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းမစ်ရှင် တရားဝင်ဖွင့်လှစ်

ရောမ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ရောမမြို့ရှိ ကုလသမဂ္ဂအေဂျင်စီများဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမြဲတမ်းမစ်ရှင်ကို အောက်တိုဘာ ၁၆ ရက်က တရားဝင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။
တရုတ်နိုင်ငံသည် ၁၉၇၃ ခုနှစ် ဧပြီလအတွင်းက ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တွင် ၎င်း၏တရားဝင်နေရာကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သလို ၁၉၈၂ ခုနှစ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအေဂျင်စီများ၌ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တရားဝင် တည်ထောင်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအေဂျင်စီများ၌ တရုတ်နိုင်ငံ၏ကိုယ်စားပြုမှုကို ၂၀၂၀ ပြည့်နှစ်အတွင်း သံအမတ်အဆင့်သို့ အဆင့်မြှင့်တင်ခဲ့သလို ၂၀၂၅ ခုနှစ် သြဂုတ်လတွင်မူ ရောမမြို့ရှိ ကုလသမဂ္ဂအေဂျင်စီများဆိုင်ရာ အမြဲတမ်းမစ်ရှင်တစ်ခုအဖြစ် တရားဝင်အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ အထူးပြုအေဂျင်စီများတွင် FAO ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာရန်ပုံငွေအဖွဲ့အစည်းများလည်း ပါဝင်နေပြီး ယင်းတို့အားလုံးမှာ အီတလီနိုင်ငံ၏ မြို့တော်၊ ရောမမြို့၌ ရုံးချုပ်အခြေစိုက်ထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
China’s Permanent Mission to UN Agencies in Rome officially unveiled
ROME, Oct. 16 (Xinhua) — The Permanent Mission of the People’s Republic of China to the United Nations Agencies in Rome was officially unveiled on Thursday.
China restored its lawful seat in the United Nations (UN) Food and Agriculture Organization (FAO) in April 1973, and formally established its Permanent Representation to the UN Agencies for Food and Agriculture in 1982.
The representation was upgraded to the ambassadorial level in 2020. In August 2025, it was officially elevated to the status of a Permanent Mission to the UN Agencies in Rome.
The United Nations’ specialized agencies for food and agriculture comprise the FAO, the World Food Programme and the International Fund for Agricultural Development, all of which are headquartered in Rome, the capital of Italy. ■
Photo:
Director-General of the Food and Agriculture Organization of the United Nations (FAO) Qu Dongyu addresses the opening ceremony of the FAO global exhibition titled “From Seeds to Foods” in Rome, Italy, Oct. 10, 2025. (FAO/Handout via Xinhua)