မြန်မာ-ENG
တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်ကို အောင်မြင်စွာ လွှတ်တင်
ရှီးချန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ၏ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ အောက်တိုဘာ ၂၆ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။
Gaofen_1402 ဂြိုဟ်တုကို ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် Long March-3B ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံပေါ်တွင် သယ်ဆောင်ကာ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
အဆိုပါ Geofen-1402 ဂြိုဟ်တုသည် တစ်ကမ္ဘာလုံးဆိုင်ရာ တိကျမှုမြင့်မားသော စတီရီယိုပုံရိပ်များကို ထိရောက်စွာရယူပေးနိုင်စွမ်းရှိပြီး တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေးတည်ဆောက်မှုနှင့် အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ထောက်ပံ့ပေးနိုင်မည့် အခြေခံကျသော သဘာဝမြေမျက်နှာ သွင်ပြင်ဆိုင်ရာသတင်းအချက်အလက်များရယူရန် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုသည် Long March ဒုံးပျံစီးရီးများ၏ ၆၀၃ ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်မှု ခရီးစဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ (Xinhua)
……………………
(English Version)
China successfully launches new satellite
XICHANG, Oct. 26 (Xinhua)
China on Sunday sent a new satellite into space from the Xichang Satellite Launch Center in its southwestern Sichuan Province.
The Gaofen-14 02 satellite was launched at 11:55 a.m. (Beijing Time) aboard a Long March-3B carrier rocket and entered the planned orbit successfully.
This satellite is capable of efficiently acquiring high-precision stereo imagery on a global scale, providing fundamental geographic information support for national economic development and national defense construction.
The launch marked the 603rd flight mission of the Long March carrier rocket series. ■
Photo:
A Long March-3B carrier rocket carrying the Gaofen-14 02 satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, Oct. 26, 2025. (Photo by Wang Yinjie/Xinhua)
