Connect with us

Business

မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် ၁.၀၆ သန်းကျော် ဝင်ရောက်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာနေရာရှေ့ မတ်တတ်ရပ်နေသူများကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် ၁.၀၆ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆင်ဟွာကို ဇန်နဝါရီ ၁၀ ရက်၌ ပြောခဲ့သည်။
အဆိုပါ ပမာဏမှာ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် ခရီးသွားဧည့်သည်အရေအတွက် ၁.၂၈ သန်းကျော်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် အဓိကနိုင်ငံများမှာ တရုတ်၊ ထိုင်းနှင့် တောင်ကိုရီးယား စသည့်နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး စက်ဘီးစီးနေသူတစ်ဦးကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Myanmar receives over 1.06 mln foreign tourists in 2024

YANGON, Jan. 10 (Xinhua) — Myanmar welcomed over 1.06 million foreign tourists in 2024, an official from the Ministry of Hotels and Tourism told Xinhua on Friday.
The number of foreign tourists was lower compared to the over 1.28 million foreign tourists who visited the country in 2023, he said.
The primary sources of foreign visitors to Myanmar are China, Thailand and South Korea, he added.
Photo 1: People stand in front of the departure lounge at the Yangon International Airport in Yangon, Myanmar, on Aug. 12, 2022. (Photo by Myo Kyaw Soe/Xinhua)
Photo 2: A man rides a bicycle near the Yangon International Airport in Yangon, Myanmar, on Aug. 12, 2022. (Photo by Myo Kyaw Soe/Xinhua)