Environment, Disasters & Accidents
တရုတ်နိုင်ငံ ရှီးဇန့်ဒေသရှိ ငလျင်ဒဏ်သင့် နေရာများ၌ ငွေကြေးဝန်ဆောင်မှုများ ပြန်လည်လည်ပတ်
ယခုသီတင်းပတ် အစောပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပြင်းအား ၆.၈ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ငွေကြေးဝန်ဆောင်မှုများ စနစ်တကျ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း အမျိုးသားအဆင့် ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
အာမခံကုမ္ပဏီများအနေဖြင့် ယွမ် ၃၆.၁၆ သန်းခန့် (အမေရိကန်ဒေါ်လာ ၅.၀၃ သန်းခန့်) အား ပေးချေပြီးဖြစ်ကြောင်းလည်း ၎င်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ရစ်ခါးကျယ်မြို့ တိန့်ရစ်ခရိုင်တွင် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်း၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၁၂၆ ဦး သေဆုံးကာ လူရာနှင့်ချီ ဒဏ်ရာရရှိခဲ့ပြီး ကျေးလက်ရှိ နေအိမ်ပေါင်း ၃,၆၀၀ ကျော် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………..
(English Version)
Financial services restored in quake-hit areas in Xizang
Financial services have been restored in an orderly manner after a 6.8-magnitude earthquake hit southwest China’s Xizang Autonomous Region earlier this week, according to the National Financial Regulatory Administration.
Around 36.16 million yuan (about 5.03 million U.S. dollars) has been paid by insurance companies, said the administration.
The strong earthquake struck Dingri County in the city of Xigaze on Tuesday morning, leaving 126 people dead and hundreds injured. More than 3,600 rural houses were toppled. #XinhuaNews
English Caption
A press conference on the disaster relief work after a 6.8-magnitude earthquake jolted Dingri County is held in the city of Xigaze, southwest China’s Xizang Autonomous Region, Jan. 9, 2025. (Xinhua/Tenzin Nyida)