International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူကာ စပိန်စူပါဖလား ဆွတ်ခူး
ဇန်နဝါရီ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့၏ စပိန်စူပါဖလား ဗိုလ်လုပွဲ၌ ဘာစီလိုနာက ပထမပိုင်းတွင်ပင် အံ့မခန်းစွမ်းဆောင်ရည် ပြသခဲ့ကာ ပွဲအပြီးတွင် ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
နည်းပြဟန်ဆီဖလစ်ခ်၏ ဘာစီလိုနာအသင်းမှာ ပထမပိုင်းတွင် ၄-၁ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သလို ဒုတိယပိုင်းတွင် ဘာစီလိုနာဂိုးသမား ရှက်ဇနီက ရီးရဲလ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေကို ဆွဲလှဲခဲ့သည့်အတွက် ထုတ်ပယ်ခံခဲ့ရသော်လည်း ရီးရဲလ်၏ တိုက်စစ်ဆင်မှုများကို အခက်အခဲသိပ်မရှိဘဲ ထိန်းချုပ်နိုင်ခဲ့သည်။
ဘာစီလိုနာအတွက် အနိုင်ဂိုးများကို လာမင်းယမားလ်၊ ရောဘတ်လီဝန်ဒေါစကီး၊ အလီဟန်ဒရို ဘာလ်ဒေတို့က တစ်ဂိုးစီသွင်းယူခဲ့ကာ ရာဖင်ညာက နှစ်ဂိုးသွင်းယူခဲ့သည်။ ရီးရဲလ်အတွက် ချေပဂိုးများကိုမူ အမ်ဘာပေနှင့် ရိုဒရီဂိုတို့က သွင်းယူခဲ့သည်။
…..
— FA ဖလားပြိုင်ပွဲတွင် တစ်ယောက်လျော့ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို အနိုင်ယူ
ဇန်နဝါရီ ၁၂ ရက်က အမ်းမရိတ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်နှင့် မန်ချက်စတာယူနိုက်တက်တို့၏ FA ဖလား တတိယအဆင့်ပွဲစဉ်တွင် တစ်ယောက်လျော့ မန်ချက်စတာယူနိုက်တက်က အိမ်ရှင်အာဆင်နယ်အား ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ယူနိုက်တက်အနေဖြင့် အလွန်မာကျောသည့် ကစားပုံကို ပြသနိုင်ခဲ့ပြီး ပွဲချိန် ၅၂ မိနစ်တွင် အလီဟန်ဒရို ဂါနာချို၏ ဖြတ်တင်ဘောမှတစ်ဆင့် ဘရူနို ဖာနန်ဒက်စ်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
သို့သော် ပွဲချိန် ၆၁ မိနစ်တွင် ဒီယိုဂို ဒါလော့က အာဆင်နယ်ကစားသမား မစ်ကယ် မာရီနိုကို ဖျက်ထုတ်ရာ၌ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီးနောက် ဧည့်သည်အသင်းမှာ တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။ ထို့နောက် ၂ မိနစ်အကြာတွင် ယူနိုက်တက်ဂိုးသမား အာလ်တေ ဘာယင်ဒီယာ ဖြတ်တင်ဘောပေးပို့မှုကို ပီပီပြင်ပြင် ရှင်းမထုတ်နိုင်ခဲ့ရာမှ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်လ်က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
သို့သော် ယူနိုက်တက်ဂိုးသမား ဘာယင်ဒီယာမှာ ပွဲချိန် ၆၉ မိနစ်တွင် မာတင် အိုဒီဂတ်၏ ပင်နယ်တီကန်သွင်းချက်၊ ဒက်ကလန်ရိုက်စ်၏ကန်ချက် အပါအဝင် အကောင်းဆုံး ဂိုးပေါက်ကာကွယ်မှုများကို ပြုလုပ်နိုင်ခဲ့သည်။
ထို့ပြင် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ၌လည်း အာဆင်နယ်တိုက်စစ်ကစားသမား ကိုင်ဟားဗက်ဇ်၏ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပြီး ယူနိုက်တက်၏ ကြီးမားသော အောင်ပွဲအတွက် သူရဲကောင်းတစ်ဦးဖြစ်ခဲ့သည်။
…..
— အယ်လ်ဗာရက်စ်၏ သွင်းဂိုးဖြင့် လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးသို့ အက်သလက်တီကို ပြန်လည်ရောက်ရှိ
ဇန်နဝါရီ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဥ်တွင် အက်သလက်တီကို မက်ဒရစ်က ဟူလီယန် အယ်လ်ဗာရက်စ်၏ ဒုတိယပိုင်းသွင်းဂိုးဖြင့် အိုဆာဆူနာအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။
အက်သလက်တီကိုအနေဖြင့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ စပိန်စူပါဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုကို အခွင့်ကောင်းယူ၍ လာလီဂါတွင် ၈ ပွဲဆက် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သလို ပြိုင်ပွဲစုံတွင် ၁၄ ပွဲ အနိုင်ရထားသည်။
…..
— ကမ္ဘာ့နံပါတ်တစ် တရုတ်ကြက်တောင်ကစားသမား စီယွီချီ မလေးရှားအိုးပင်းဆုဖလား ဆွတ်ခူး
ဇန်နဝါရီ ၁၂ ရက်က ကွာလာလမ်ပူမြို့ရှိ Axiata အားကစားကွင်း၌ ကျင်းပခဲ့သည့် မလေးရှားအိုးပင်း ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့နံပါတ်တစ် အမျိုးသားကြက်တောင်ကစားသမား စီယွီချီမှာ အံ့မခန်းဖွယ် နိုင်ပွဲဆက်ခဲ့ပြီး မလေးရှားအိုးပင်း ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၂၈ နှစ်အရွယ် စီမှာ ၎င်း၏ကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လတ်မှုတို့ကို အားပြု၍ ပြိုင်ဘက် ဒိန်းမတ်ကစားသမား အန်ဒါစ် အန်တန်ဆန်အား ထိထိရောက်ရောက် တုံ့ပြန်ခွင့်မပေးဘဲ ပွဲချိန် ၃၉ မိနစ်အတွင်းမှာပင် ၂၁-၈၊ ၂၁-၁၅ ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………….
(English Version)
Barcelona crushes Real Madrid to win Spanish Supercup
FC Barcelona produced a stunning first-half display to beat Real Madrid 5-2 in the final of the Spanish Supercup on Sunday.
Hansi Flick’s side led 4-1 at the break and despite seeing goalkeeper Wojciech Szczesny sent off for bringing down Kylian Mbappe early in the second half, they were able to hold on with relative ease against the Madrid attack.
…..
10-man Manchester United keeps nerve to knock Arsenal out of FA Cup
Manchester United played with 10 men for over an hour before knocking Arsenal out of the third round of the FA Cup following a penalty shootout at the Emirates Stadium on Sunday.
Manchester United looked very solid and took the lead in the 52nd minute when Bruno Fernandes finished from Alejandro Garnacho’s cross.
Things got complicated for United in the 61st minute when Diogo Dalot dived in on Mikel Merino and was sent off for a second yellow card, to leave the visitors with 10 men, and things got worse just two minutes later when Gabriel Magalhaes scored after goalkeeper Altay Bayindir failed to punch a cross clear.
Bayindir would soon redeem himself with a series of fine saves, including a 69th-minute penalty taken by Martin Odegaard and an effort from Declan Rice that looked destined for the corner of the goal.
The Turkish goalkeeper was also the hero in the shootout saving Havertz’s spot kick to give United a massive win.
…..
Alvarez sends Atletico back to top of La Liga
Atletico Madrid returned to the top of La Liga on Sunday with a 1-0 win at home to Osasuna thanks to a second-half goal from Julian Alvarez.
Atletico took advantage of the fact Real Madrid and FC Barcelona are playing in the Spanish Supercup final to make it eight consecutive league wins and 14 in all competitions.
…..
World No. 1 Shi Yuqi bags Malaysia Open title
World No. 1 men’s singles player Shi Yuqi claimed the Malaysia Open title here on Sunday, capping an impressive winning streak at the Axiata Arena.
In a display of skill and agility, the 28-year-old knocked out Anders Antonsen 21-8, 21-15 inside 39 minutes, barely giving the Dane space to put up an effective resistance.