Europe
ခရိုအေးရှား သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် လက်ရှိသမ္မတ ဇိုရန် မီလန်နိုဗစ် အပြတ်အသတ် အနိုင်ရရှိ
ခရိုအေးရှားနိုင်ငံ၏ လက်ရှိသမ္မတ ဇိုရန် မီလန်နိုဗစ်သည် ဇန်နဝါရီ ၁၂ ရက်၌ ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ပြိုင်ဘက်ဖြစ်သူ ဒရာဂန် ပရီမိုရက်အား အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ခရိုအေးရှား နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် (SEC) ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ဆန္ဒမဲအရေအတွက် ၉၉.၅၉ ရာခိုင်နှုန်းအား ရေတွက်ပြီးချိန်တွင် မီလန်နိုဗစ်မှာ မဲအရေအတွက် ၇၄.၆၇ ရာခိုင်နှုန်း ရရှိခဲ့ကာ ပရီမိုရက်မှာမူ မဲအရေအတွက် ၂၅.၃၃ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု SEC က ဆိုသည်။
ခရိုအေးရှားနိုင်ငံတွင် တရားဝင်မဲပေးခွင့်ရှိသူ ၃.၇ သန်းကျော်ရှိကြောင်း၊ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွင် လာရောက်မဲပေးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၄၄.၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း SEC က ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Zoran Milanovic secures landslide victory in Croatian presidential runoff
Incumbent Croatian President Zoran Milanovic convincingly won the presidential runoff held on Sunday, beating his rival Dragan Primorac with a commanding lead, according to the Croatian State Election Commission (SEC).
With 99.59 percent of the votes processed, Milanovic garnered 74.67 percent, leaving Primorac far behind with 25.33 percent, the SEC reported.
There are more than 3.7 million legitimate voters in Croatia, and the turnout rate in the runoff is about 44.15 percent, the SEC said.
English Caption
Croatian President Zoran Milanovic votes at a polling station during the second round of the presidential election in Zagreb, Croatia, Jan. 12, 2025. (Davor Puklavec/PIXSELL via Xinhua)