Connect with us

Africa & Middle East

ဂါဇာဒေသခံများက စိတ်သက်သာရာရမှုကို မျှော်လင့်နေခိုက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ တိုးတက်မှုရရှိနေဟု ဟားမက်စ်အဖွဲ့ အရိပ်အမြွက်ပြောကြား

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း၊ ဒီယာ အယ်လ်-ဘာလာမြို့၌ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်ထဲတွင် ပါလက်စတိုင်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အပစ်အခတ်ရပ်စဲမှု ရရှိရေးအတွက် အစ္စရေးနှင့် သွယ်ဝိုက်ဆွေးနွေးမှုများမှာ တိုးတက်မှုရရှိနေကြောင်း ဟားမက်စ်‌တာဝန်ရှိသူများက ဇန်နဝါရီ ၁၂ ရက်၌ ပြောကြားခဲ့သည်။
ဒိုဟာမြို့၌ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ် အစ္စရေးအနေဖြင့် သဘောတူညီမှုတစ်ရပ် ရရှိရေးအတွက် အမေရိကန်၏ လက်ရှိအစိုးရကသာမက အသစ်တက်လာမည့် အစိုးရ၏ ဖိအားပေးမှုနှင့်လည်း ရင်ဆိုင်ရလျက်ရှိသည်။
“အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုကသာ လက်ရှိဆွေးနွေးနေတဲ့ အဓိကကိစ္စရပ်တွေကို အပြုသဘောတုံ့ပြန်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အလှမ်းမဝေးတော့ပါဘူး” ဟု ဟားမက်စ်အဖွဲ့၏ အကြီးတန်းတာဝန်ရှိသူ တာဟီယာ အယ်လ်-နိုနိုက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0pX

ဂါဇာဒေသတွင် အမြန်ဆုံးအပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေးဓားစာခံများ လွတ်မြောက်ရေးအတွက် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ တောင်းဆိုဆန္ဒပြမှုအတွင်း အစ္စရေးပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေပုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

………………………..
(English Version)
Hamas indicates progress in ceasefire talks as Gazans hope for relief
Hamas officials said indirect talks with Israel making progress toward a ceasefire agreement on Sunday.
Ceasefire talks are ongoing in Doha, with Israel facing pressure from both current and incoming U.S. administrations to reach a deal.
“We are not far from a ceasefire agreement if Israeli Prime Minister Benjamin Netanyahu responds positively to the main issues under discussion,” said Tahir al-Nono, a senior Hamas official, in comments to Xinhua. xhtxs.cn/0pX
English Caption 1
Palestinians are seen at the site of a destroyed house after an Israeli bombardment, in Deir al-Balah, central Gaza Strip, on Jan. 8, 2025. (Photo by Rizek Abdeljawad/Xinhua)
English Caption 2
Israelis clash with police during a protest demanding an immediate ceasefire in Gaza and the release of Israeli hostages, in Tel Aviv, Israel, on Jan. 4, 2025. (Photo by Jamal Awad/Xinhua)