International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ဩစတြေးလျအိုးပင်း ပထမအဆင့်ပွဲစဉ်တွင် ပရိသတ်များ အာရုံစိုက်နေသည့် ဆင်နာနှင့် ဆဝိုင်ယာတက်ခ်တို့ အသီးသီးအနိုင်ရရှိ
ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ လက်ရှိချန်ပီယံ ဂျန်းနစ် ဆင်နာနှင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၌ ဆီဒင်-၂ ရရှိထားသည့် အီဂါ ဆဝိုင်ယာတက်ခ်တို့မှာ ဇန်နဝါရီ ၁၃ ရက်၌ ယှဥ်ပြိုင်ခဲ့သည့် ပထမအဆင့်ပွဲစဥ်တွင် အသီးသီးအနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အဆိုပါ တင်းနစ်ကစားသမားနှစ်ဦးမှာ တားမြစ်ဆေးပြဿနာကြောင့် ပရိသတ်များ၏ အကြီးအကျယ် အာရုံစိုက်ခံထားရသူများဖြစ်သည်။
ဂရင်းစလင်းချန်ပီယံဆု လေးကြိမ်ရရှိထားသည့် ကားလို့စ် အယ်လ်ကာရက်ဇ်၊ ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ၁၀ ကြိမ် ရရှိထားသည့် နိုဗက်ဂျိုကိုဗစ်နှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၏ ဆီဒင်-၃ တင်းနစ်အားကစားမယ် ကိုကိုဂတ်ဖ်တို့လည်း အဖွင့်ပွဲစဥ်များတွင် အသီးသီးအနိုင်ရရှိခဲ့သည်။
ဆီဒင်-၁ ကစားသမားဖြစ်သူ ဆင်နာက ရော့ဒ်လေဗာ အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပထမအဆင့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား နစ်ကိုးလပ်စ် ဂျယ်ရီအား ၇-၆ (၂)၊ ၇-၆ (၅)၊ ၆-၁ ဖြင့် အနိုင်ယူခဲ့သည်။
…..
— ဒိန်းမတ်အသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၁၃၂ ပွဲ ကစားခဲ့သည့် ဆိုင်မန် ခါဂျာ ဘောလုံးလောကမှ အနားယူ
ဒိန်းမတ်ဘောလုံးအသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၁၃၂ ပွဲ ပါဝင်ကစားခဲ့သည့် ဆိုင်မန် ခါဂျာက ၎င်းအနေဖြင့် ဘောလုံးလောကမှ အနားယူရန် ဆုံးဖြတ်ခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့် အင်တာဗျူး၌ ထုတ်ဖော်ပြောကြားခဲ့သည်။
ဒိန်းမတ်ကလပ် အက်ဖ်စီ မစ်ဂျီလန်းအသင်းနှင့်အတူ ကစားသမားဘဝကို စတင်ခဲ့သည့် ခါဂျာမှာ ပါလာမို၊ ရိုးမားနှင့် ဆီဗီလာအသင်းတို့တွင် ကစားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် အေစီမီလန်အသင်းထံ ပြောင်းရွှေ့ခဲ့ကာ ၂၀၂၂ ခုနှစ်တွင် အေစီမီလန်အသင်း စကူဒက်တို (စီးရီးအေချန်ပီယံ) ဆုဖလား ဆွတ်ခူးနိုင်စေရန် ကူညီစွမ်းဆောင်ခဲ့သည်။
…..
— ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ဝမ်ရှီယွီ ဒုတိယအဆင့်သို့ တက်ရောက်
ဇန်နဝါရီ ၁၄ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ဝမ်ရှီယွီက ပြိုင်ဘက်ဖြစ်သူ ဂျူလီယာ ဂရက်ဘာအား နှစ်ပွဲပြတ်အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
ဘယ်သန်ဖြစ်သည့် ဝမ်က WTA အဆင့်သတ်မှတ်ချက် ၄၁၅ တွင်ရှိသော ဂရက်ဘာအား အားပါသော groundstroke ရိုက်ချက်များ အသုံးပြုကာ ၆-၁၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။
…..
— ၂၀၂၅ ခုနှစ် ကမ္ဘာ့တက္ကသိုလ်များ ဆောင်းရာသီအားကစားပြိုင်ပွဲကို တူရင်မြို့၌ ဖွင့်လှစ်
ကမ္ဘာ့တက္ကသိုလ်များ ဆောင်းရာသီအားကစားပြိုင်ပွဲဖြစ်သည့် ၂၀၂၅ ခုနှစ် Torino Winter Universiade ပြိုင်ပွဲအား ယင်းအားကစားပြိုင်ပွဲ အစပြုရာ နေရာဖြစ်သည့် အီတလီနိုင်ငံ တူရင်မြို့တွင် ဇန်နဝါရီ ၁၃ ရက်၌ တရားဝင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲအား ၂၀၀၇ ခုနှစ်နောက်ပိုင်း တူရင်မြို့၌ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တောင်ပေါ်ဒေသနှင့် နိုင်ငံဖြတ်ကျော် နှင်းလျှောစီးပြိုင်ပွဲတွင် မသန်စွမ်း ကျောင်းသားအားကစားသမားများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် စံချိန်သစ်တင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)
………………………………………..
(English Version)
Sinner, Swiatek win 1st round Australian Open matches amid spotlight
Defending Australian Open men’s champion Jannik Sinner and women’s second seed Iga Swiatek moved into the second round with straight sets victories on Monday amid fierce attention over their doping sagas.
Four-time Grand Slam champion Carlos Alcaraz, 10-time tournament winner Novak Djokovic and women’s third seed Coco Gauff also launched their campaigns with opening round wins.
Top seed Sinner overcame big-serving Nicholas Jarry 7-6 (2), 7-6 (5), 6-1 in a physical first round match at Rod Laver Arena.
…..
Denmark footballer Kjaer announces retirement after 132 national appearances
Denmark football player Simon Kjaer has disclosed his decision to hang up his boots in an interview on Monday, after 132 caps with the national side.
Having come through FC Midtjylland, Kjaer has played for Palermo, Roma, Sevilla, before joining AC Milan in 2020 and helping the Rossoneri win the Scudetto in 2022.
…..
Impressive Wang storms into Australian Open 2nd round
China’s Wang Xiyu stormed into the Australian Open women’s singles second round after blasting past Julia Grabher in straight sets on Tuesday.
Unleashing powerful groundstrokes, the left-handed Wang kick-started her tournament with 15 winners in the 6-1, 7-5 victory over 415th-ranked Grabher.
…..
2025 Winter Universiade opens in Turin
The World Winter University Games have returned to Turin for the first time since 2007, as the 2025 Torino Winter Universiade officially launched on Monday at the birthplace of the Universiade on Monday.
The 2025 Universiade is set to break new ground as it welcomes para student-athletes competing in Alpine and cross-country skiing for the first time in the event’s history.