International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်က ဆယ်လ်တာဗီဂိုကို အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်
ဇန်နဝါရီ ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ဆယ်လ်တာဗီဂိုအား အချိန်ပိုကစားပြီးနောက် ၅-၂ ဂိုးဖြင့် အိမ်ကွင်း၌ အငြင်းပွားဖွယ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး စပိန်စူပါဖလားတွင် ဘာစီလိုနာအား ဂိုးပြတ်ရှုံးနိမ့်မှုကို ပြန်လည်ချေဖျက်နိုင်ခဲ့သည်။
ခြေစွမ်းပိုမိုပြသလာသည့် ကီလီယန် အမ်ဘာပေက ပွဲချိန် ၃၇ မိနစ်တွင် ၎င်း၏ တစ်ဦးချင်းစွမ်းရည်နှင့် ပြေးအားကို အသုံးပြု၍ ထောင့်ကျဉ်းအနေအထားမှ အပြင်းကန်သွင်းကာ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပွဲချိန် ၄၈ မိနစ်တွင် အမ်ဘာပေနှင့် ဘရာဟင် ဒီယက်ဇ်၏ တွဲလုံးမှတစ်ဆင့် ဖန်တီးပေးမှုကို ဗင်နီစီယက်စ် ဂျူနီယာက အနီးကပ်ပိတ်သွင်းကာ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။ သို့သော် ပွဲချိန် ၈၂ မိနစ်တွင် ဂျိုနသန် ဘမ်ဘာက ရီးရဲလ်ဂိုးဧရိယာထဲမှ အပြင်းကန်သွင်းကာ ဆယ်လ်တာဗီဂိုအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
သို့သော် ပွဲချိန်နောက်ဆုံးမိနစ်၌ ဆယ်လ်တာဗီဂို ကစားသမား ဘမ်ဘာ ရီးရဲလ်ဂိုးဧရိယာထဲတွင် ပြစ်ဒဏ်ကျူးလွန်ခံရသည့်အတွက် ရရှိလာသော ပင်နယ်တီကို မားကို့စ် အလွန်ဆိုက ဂိုးအဖြစ်ပြောင်းလဲခဲ့သဖြင့် ပွဲရလဒ်မှာ ၂ ဂိုးစီ ဖြစ်သွားခဲ့သည်။
ထို့နောက် အချိန်ပို ဆက်လက်ကစားရာ၌ ရီးရဲလ်အသင်းမှ ဂျုဒ်ဘယ်လင်ဟမ် လက်ထိခဲ့ပုံရသော်လည်း ဆယ်လ်တာဗီဂိုအနေဖြင့် ပင်နယ်တီမရရှိခဲ့ပေ။ အချိန်ပိုတွင် ရီးရဲလ်အသင်းမှ အန်းဒရစ်က ဆယ်လ်တာဗီဂို ခံစစ်ကစားသမားများကို လှည့်ထွက်၍ ဦးဆောင်ဂိုးသွင်းယူခဲ့သလို ဖက်ဒရီကို ဗယ်လ်ဗာဒီနှင့် အန်းဒရစ်က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။
…..
— ဘိုင်ယန်မြူးနစ်က ဟော့ဖန်ဟိမ်းအား ဂိုးပြတ်အနိုင်ယူကာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်
ဇန်နဝါရီ ၁၅ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဥ်-၁၇ တွင် ဘိုင်ယန်မြူးနစ်က တောင်ပံကစားသမား လီရွိုင်းဆာနေး၏ ခြေစွမ်းပြမှုနှင့်အတူ ဟော့ဖန်ဟိမ်းအား ၅ ဂိုးပြတ် အနိုင်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံး၌ လေးမှတ်အသာဖြင့် ဦးဆောင်လျက်ရှိသည်။
ယခုအနိုင်ရလဒ်ကြောင့် ဘိုင်ယန်အသင်းအနေဖြင့် ဒုတိယနေရာမှ လေဗာကူဆင်အား လေးမှတ်ဖြတ်ထားနိုင်ဆဲဖြစ်ကာ ဟော့ဖန်ဟိမ်းမှာမူ အဆင့် ၁၆ သို့ ရောက်ရှိသွားခဲ့သည်။
…..
— ဆဝိုင်ယာတက်ခ်နှင့် ဆင်နာတို့ ဩစတြေးလျအိုးပင်း တတိယအဆင့်သို့ တက်ရောက်
ဂရင်းစလင်းချန်ပီယံဆု ငါးကြိမ်ဆွတ်ခူးထားသည့် ပိုလန်တင်းနစ်မယ် အီဂါ ဆဝိုင်ယာတက်ခ်နှင့် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၌ ဆီဒင်-၁ ကစားသမားဖြစ်သည့် ဂျန်းနစ် ဆင်နာတို့မှာ ဇန်နဝါရီ ၁၆ ရက်၌ ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း ဒုတိယအဆင့် ပွဲစဉ်များတွင် အသီးသီးအနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
တရုတ်တင်းနစ်မယ်များဖြစ်သည့် Wang Xiyu ၊ Zhang Shuai နှင့် Wang Yafan တို့မှာမူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
မဲလ်ဘုန်းမြို့တွင် ကျင်းပလျက်ရှိသည့် ဩစတြေးလျအိုးပင်း ပွဲစဥ်များ၌ ဆဝိုင်ယာတက်ခ်အနေဖြင့် ယခုအချိန်ထိ သက်သောင့်သက်သာ ကျော်ဖြတ်နေဆဲဖြစ်ပြီး ရော့ဒ်လေဗာ အားကစားကွင်း၌ ကမ္ဘာ့အဆင့်-၄၉ တင်းနစ်မယ် ရေဘက်ကာ ဆရမ်ကိုဗာအား ၆-၀၊ ၆-၂ ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။
ဆဝိုင်ယာတက်ခ်အနေဖြင့် အာမန်ဒါ အာနီစီမိုဗာအား ၆-၃၊ ၇-၅ ဖြင့်အနိုင်ယူခဲ့သည့် ၂၀၂၁ ခုနှစ် ယူအက်စ်အိုးပင်းချန်ပီယံ အမ်မာ ရာဒူကာနူနှင့် တတိယအဆင့်၌ ရင်ဆိုင်ရမည်ဖြစ်ကာ ၎င်းမှာ စိတ်ဝင်စားဖွယ် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။
…..
— ကိုယ်ကာယကြံ့ခိုင်မှုအတွက် အဓိကထား လေ့ကျင့်လျက်ရှိဟု တရုတ်အသင်းတိုက်စစ်မှူး ပြောကြား
တရုတ်ဘောလုံးအသင်း ကစားသမားများအနေဖြင့် စခန်းသွင်းလေ့ကျင့်ရာ၌ ကိုယ်ကာယကြံ့ခိုင်မှု တိုးတက်လာရေးအတွက် အဓိကထား၍ လေ့ကျင့်လျက်ရှိကြောင်း တိုက်စစ်မှူး Lin Liangming က ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ကိုယ်ကာယကြံ့ခိုင်မှု တိုးတက်လာဖို့ ပြင်းပြင်းထန်ထန်နဲ့ အကြိမ်များများ လေ့ကျင့်နေပါတယ်” ဟု Lin က ဆိုသည်။ ထို့ပြင် အသင်းအနေဖြင့် ပြီးခဲ့သည့် ခြေစစ်ပွဲစဉ်များတွင် မြင်တွေ့ခဲ့ရသည့် အားနည်းချက်များကို ပြင်ဆင်ရန်လည်း လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၌ ၁၀ ရက်ကြာ စခန်းသွင်းလေ့ကျင့်ရန်အတွက် တရုတ်အသင်းနည်းပြချုပ် ဘရန်ကို အိုင်ဗန်ကိုဗစ်က လူငယ်မျက်နှာသစ်အချို့ အပါအဝင် ကစားသမား ၃၂ ဦးအား ရွေးချယ်ခေါ်ယူထားကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Real Madrid takes controversial win in Copa del Rey
Real Madrid overcame its humiliation to FC Barcelona in the Spanish Supercup by reaching the Copa del Rey quarterfinals with a controversial 5-2 win at home to Celta Vigo after extra time.
Kylian Mbappe confirmed his improved form with a fine individual goal in the 37th minute following a run and powerful shot from a tight angle.
The game looked to be over in the 48th minute when Mbappe combined with Brahim Diaz who passed for Vinicius Jr to score from a close range, but Celta pulled a goal back in the 82nd minute when Jonathan Bamba scored with a powerful shot from inside the Madrid area.
There was a last-minute drama when Bamba was tripped down in the box and Marcos Alonso drilled home from the spot to make it 2-2.
Celta had another good penalty appeal turned down in extra time after Jude Bellingham’s apparent handball, before Endrick put Madrid back ahead with a turn and shot into the corner. Federico Valverde’s powerful effort made it 4-2 and with the game sealed by Endrick’s back-heeled strike.
…..
Bayern thrashes Hoffenheim to maintain lead in Bundesliga
Bayern Munich restored its four-point lead atop the Bundesliga table after Leroy Sane’s brace paved the way for a 5-0 win over Hoffenheim in the 17th round on Wednesday.
The victory keeps Bayern four points clear of second-placed Leverkusen, while Hoffenheim slips to 16th.
…..
Swiatek, Sinner through to 3rd round as trio of Chinese players crash out of Australian Open
Five-time Grand Slam champion Iga Swiatek and men’s top seed Jannik Sinner had contrasting second round victories on Thursday as Chinese women’s players Wang Xiyu, Zhang Shuai and Wang Yafan crashed out of the Australian Open.
Swiatek has barely broken a sweat so far in Melbourne and she continued to make light work of her opponents after thrashing world No. 49 Rebecca Sramkova 6-0, 6-2 on Rod Laver Arena.
She has an intriguing third round clash against 2021 US Open champion Emma Raducanu, who beat Amanda Anisimova 6-3, 7-5.
…..
Training focuses on physical fitness, says Chinese national striker Lin
Players in the Chinese national football team are mainly focusing on improving physical fitness at their training camp, according to striker Lin Liangming.
“We are training rather hard with high intensity and frequency in order to improve our physical fitness,” Lin said. He added that the team is also working to address issues exposed in previous qualifiers.
Head coach Branko Ivankovic has called up 32 players, including some younger faces, for the 10-day training camp in Haikou, south China’s Hainan Province.