Connect with us

Europe

ထရမ့်နှင့် ဆွေးနွေးခဲ့ပြီးနောက် ဂရင်းလန်းကျွန်း၏ အခြေအနေမှာ စိုးရိမ်စရာဖြစ်ဟု ဒိန်းမတ်ဝန်ကြီးချုပ် ပြောကြား

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် ဂရင်းလန်းကျွန်း၏မြို့တော် Nuuk အနီး၌ ရေခဲစိုင်ကြီး မျောပါလာပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇန်နဝါရီ ၁၅ ရက်၌ တယ်လီဖုန်းပြောဆိုခဲ့ပြီးနောက် ဂရင်းလန်းကျွန်း၏ အခြေအနေမှာ စိုးရိမ်စရာပင်ဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖရက်ဒရစ်ဆင်က ဇန်နဝါရီ ၁၆ ရက်၌ ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦး၏ ၄၅ မိနစ်ကြာ ဆွေးနွေးမှုအတွင်း ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂရင်းလန်းကျွန်း၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရုရှား-ယူကရိန်း ပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသနှင့် နေတိုးမဟာမိတ်အဖွဲ့ စသည့် ကိစ္စရပ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
ဒိန်းမတ်လွှတ်တော် နိုင်ငံခြားမူဝါဒရေးရာ ကော်မတီထံ တင်ပြခဲ့ပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ဖရက်ဒရစ်ဆင်က ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ “ကျွန်မတို့ဟာ စိုးရိမ်စရာအခြေအနေမှာ ရှိနေပါတယ်။ အဲဒီကိစ္စရပ်ကို ချင့်ချင့်ချိန်ချိန်နဲ့ တတ်နိုင်သမျှ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အရာအားလုံးကို လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0w2


………………
(English Version)
Danish PM calls Greenland situation “serious” following talks with Trump
Danish Prime Minister Mette Frederiksen on Thursday described the situation surrounding Greenland as “serious” following a phone conversation with U.S. President-elect Donald Trump on Wednesday.
Their 45-minute discussion covered Greenland, an autonomous territory of Denmark, as well as bilateral trade, the Russia-Ukraine conflict, the Middle East, and NATO.
Speaking to reporters after briefing the parliament’s Foreign Policy Committee, Frederiksen acknowledged the ongoing tensions over Greenland. “We are in a serious situation,” she said. “We are doing everything we can to handle this as wisely and well as possible.” xhtxs.cn/0w2
English Caption
This photo taken on Oct. 19, 2024 shows the floating ice near Nuuk, capital of Greenland, a self-governing Danish territory. (Photo by Luo Yizhou/Xinhua)