Myanmar
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အိုက်စ် ၂၀ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ကျော် ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အိုက်စ် (မက်သ်အဖက်တမင်း) ၂၀ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၆,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များအား ကိုးကား၍ ဇန်နဝါရီ ၂၁ ရက်ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက်က လှိုင်မြို့နယ်တွင် သတင်းအရ လူသုံးဦးကိုရှာဖွေခဲ့ရာ မက်သ်အဖက်တမင်း ၂၀ ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဇန်နဝါရီ ၁၆ ရက်က လှည်းကူးမြို့နယ်တွင် သံသယရှိသူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၆,၀၀၀ ပြားကို ဖမ်းမိခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ၏ ပိုင်ရှင်ဖြစ်သူကိုလည်း ဇန်နဝါရီ ၁၇ ရက်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဒေသကာလတန်ဖိုး ကျပ် ၈၆၆ သန်းခန့်ရှိကြောင်း သိရသည်။
ယင်းအမှုနှင့်စပ်လျဉ်း၍ ကျူးလွန်သူများကို မြန်မာနိုင်ငံ၏ ဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………………….
(English Version)
20 kg of Ice, over 300,000 stimulant tablets seized in Myanmar’s Yangon
YANGON, Jan. 21 (Xinhua) — Myanmar’s authorities have seized 20 kg of Ice (methamphetamine) and 366,000 stimulant tablets in Yangon region, the state-run daily The Mirror reported on Tuesday, citing police sources.
Acting on a tip-off, anti-narcotics police searched three people in Hlaing township and confiscated 20 kg of methamphetamine on Jan. 14, the report said.
Additionally, 366,000 stimulant tablets were seized from two suspects in Hlegu township on Jan. 16, the report said. The owner of the stimulant tablets was apprehended in Zabuthiri township in Nay Pyi Taw on Jan. 17, it said.
The seized narcotics was approximately worth 866 million kyats (about 412,380 U.S. dollars), the report said.
The suspects were charged under the country’s law, and further investigations were ongoing.