International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ အရေးပါသော ချန်ပီယံလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်
စပိန်လာလီဂါ ထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ်တို့မှာ ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် အရေးပါသော ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဘာစီလိုနာအသင်းက ဘင်ဖီကာအား အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နည်းပြ ဟန်ဆီဖလစ်ခ်၏ အသင်းအနေဖြင့် အုပ်စု၌ အဆင့်-၉ မှ အဆင့်-၂၄ အကြား အသင်းများနှင့် ခြေစစ်ပွဲ ထပ်မံကစားရမည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်မည့် ထိပ်ဆုံး ၈ သင်းထဲတွင် ပါဝင်နိုင်ရန် ရည်မှန်းထားသည်။ သို့မှသာ ဘာစီလိုနာအနေဖြင့် ဖေဖော်ဝါရီလ၌ သီတင်းပတ်နှစ်ပတ်ခန့် ကြားပွဲမရှိဘဲ ကစားသမားများ ပြန်လည်အားမွေးနိုင်ရန် အချိန်ရရှိမည်ဖြစ်သည်။
အဆင့်-၁၁ ရှိ အက်သလက်တီကိုကမူ အဆင့်-၄ ရှိ လေဗာကူဆင်အား အိမ်ကွင်း၌ ဧည့်ခံကစားရမည် ဖြစ်သော်လည်း အဆိုပါ နှစ်သင်းအကြား ရမှတ်တစ်မှတ်သာ ကွာဟခြင်းကြောင့် အက်သလက်တီကိုအနေဖြင့် ယခုအိမ်ကွင်းပွဲစဉ်၌ အနိုင်ရရှိပါက ထိပ်ဆုံး ၈ သင်းထဲတွင် ပါဝင်နိုင်ရန် အခွင့်အလမ်းကောင်းသွားမည် ဖြစ်သလို ခြေစစ်ပွဲကစားရမည့် အရေးကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။
…..
— မန်ချက်စတာစီးတီးအသင်းက ဥဇဘက်ကစ္စတန်နောက်ခံလူ ခူဆာနော့ဗ်အား ခေါ်ယူ
ပြင်သစ်ကလပ် လန်းစ်အသင်းမှ ဗဟိုနောက်ခံလူ အက်ဘ်ဒူကိုဒီယာ ခူဆာနော့ဗ်အား ခေါ်ယူလိုက်ကြောင်း မန်ချက်စတာစီးတီးအသင်းက ဇန်နဝါရီ ၂၀ ရက်၌ အတည်ပြုကြေညာခဲ့ရာ ခူဆာနော့ဗ်အနေဖြင့် ပရီးမီးယားလိဂ်၌ ကစားခွင့်ရသည့် ပထမဆုံး ဥဇဘက်ကစ္စတန် ကစားသမား ဖြစ်လာခဲ့သည်။
အသက် ၂၀ အရွယ်ရှိ အဆိုပါ ကစားသမားအနေဖြင့် မန်စီးတီးအသင်းနှင့် ၂၀၂၉ ခုနှစ် ဇွန်လအထိ လေးနှစ်ခွဲသက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။ ပထမအသင်း လူစာရင်းအား သွေးသစ်လောင်းနေသည့် မန်စီးတီးအသင်းက ၎င်းအားခေါ်ယူရန် ပေါင် ၃၃.၆ သန်း (အမေရိကန်ဒေါ်လာ ၄၁.၃ သန်း) သုံးစွဲခဲ့ရသည်။
သို့ဖြစ်ရာ အဆိုပါကစားသမားအား လွန်ခဲ့သည့် ၁၈ လက ဘီလာရုစ်ကလပ် Energetik-BGU ထံမှ ယူရို ၉၀,၀၀၀ ဝန်းကျင်ဖြင့် ခေါ်ယူခဲ့သည့် လန်းစ်အသင်းအဖို့ ယင်းကစားသမားအား ရောင်းချမှုမှ များစွာအမြတ်ထွက်ခဲ့သည်။
…..
– ဖျားနာနေသော ကမ္ဘာ့အဆင့်-၁ တင်းနစ်ကစားသမား ဂျန်းနစ် ဆင်နာ ဩစတြေးလျအိုးပင်း ကွာတားဖိုင်နယ် တက်ရောက်
ဇန်နဝါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျအိုးပင်း ပြိုင်ပွဲတွင် အဖျားဝေဒနာ ခံစားနေရသည့် ကမ္ဘာ့အဆင့်-၁ တင်းနစ်ကစားသမား ဂျန်းနစ် ဆင်နာက ဆီဒင်-၁၃ ကစားသမားဖြစ်သည့် ဟိုလ်ဂါရူးန်အား အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ဆင်နာမှာ ပြိုင်ဘက်၏ ကျားကုတ်ကျားခဲ တုံ့ပြန်ကစားပုံကြောင့် ဒုတိယပွဲတွင် ရှုံးနိမ့်ခဲ့သလို တတိယပွဲတွင်လည်း ဆေးကုသမှုခံယူခဲ့ရသဖြင့် ၎င်း၏ ချန်ပီယံဆုကာကွယ်ရေးမှာ မရေမရာဖြစ်ခဲ့ရသည်။
ရော့ဒ်လေဗာ အားကစားကွင်း၌ ပူနွေးသော ရာသီဥတုအောက်တွင် ဆင်နာမှာ မောပန်းနွမ်းနယ်နေပုံရသလို တုန်တုန်ယင်ယင် ဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင် ၆-၃၊ ၃-၆၊ ၆-၃၊ ၆-၂ ဖြင့် ပြိုင်ဘက်အား အနိုင်ယူခဲ့သည်။ အဆိုပါပွဲစဉ်မှာ ၃ နာရီနှင့် ၁၃ မိနစ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
…..
— တိုရီနို ကမ္ဘာ့တက္ကသိုလ်များ ဆောင်းရာသီအားကစားပြိုင်ပွဲ ၆ ရက်မြောက်နေ့အပြီးတွင် ပြင်သစ်က ဆုတံဆိပ် ဆွတ်ခူးထားသည့် အဆင့်ရပ်တည်မှု၌ ထိပ်ဆုံးမှဦးဆောင်
Torino 2025 FISU ကမ္ဘာ့တက္ကသိုလ်များ ဆောင်းရာသီအားကစားပြိုင်ပွဲ ၆ ရက်မြောက်နေ့ အပြီးတွင် ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က ရွှေတံဆိပ်ဆုနှင့် ဆုတံဆိပ်များ ဆွတ်ခူးထားသည့် အဆင့်ရပ်တည်မှု၌ ပထမနှင့် ဒုတိယနေရာတို့တွင် အသီးသီး ဆက်လက်ရပ်တည်လျက်ရှိသည်။
ပြင်သစ်က ရွှေတံဆိပ် ၁၇ ခု၊ ငွေတံဆိပ် ၈ ခုနှင့် ကြေးတံဆိပ် ၉ ခု ရရှိကာ အဆင့်ရပ်တည်မှု နှစ်ခုလုံး၌ ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဂျာမနီကမူ ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၉ ခုနှင့် ကြေးတံဆိပ် ၇ ခု ဆွတ်ခူးထားကာ အဆင့်-၂ ၌ ဆက်လက်ရပ်တည်နေသည်။ (Xinhua)
…………………..
(English Version)
Vital Champions League games ahead for Barcelona, Atletico Madrid
FC Barcelona and Atletico Madrid both play vital games in the Champions League group stage on Tuesday night.
Barcelona travels to Benfica looking to ensure a top-eight finish, which would mean Hansi Flick’s side would avoid the extra play-off round between sides that finish between ninth and 24th in the group, giving the team two weeks in February without a midweek match to allow for some vital recovery time.
Atletico entertains Bayer Leverkusen sitting in 11th place, but only one point behind its German rival in fourth place, meaning that a home win would give Atletico a great chance of finishing in the top eight and avoiding the play-offs.
…..
Manchester City completes signing of Uzbekistan defender Khusanov
Manchester City on Monday confirmed the signing of central defender Abdukodir Khusanov from French side Lens, making him the first player from Uzbekistan to ever play in the Premier League.
The 20-year-old has agreed a four-and-a-half-year contract until June 2029, and has cost the English club 33.6 million pounds (41.3 million U.S. dollars) as they look to rejuvenate their first team squad.
The sale represents a huge profit for Lens, who signed the Uzbekistan international from Belarusian club Energetik-BGU 18 months ago for around 90,000 euros (94,000 U.S. dollars).
…..
Ailing Sinner outlasts Rune to reach Australian Open quarterfinals
World No. 1 Jannik Sinner overcame physical discomfort and a battling effort from gutsy 13th seed Holger Rune on Monday to reach the Australian Open quarterfinals.
After losing the second set, Sinner’s title defense appeared to be hanging by a thread when he required medical treatment in the third set.
Sinner looked exhausted and was visibly shaking amid warm conditions on Rod Laver Arena before he regrouped 6-3, 3-6, 6-3, 6-2 in a see-sawing match lasting three hours and 13 minutes.
…..
France leads medals table after 6 days at Torino World Winter University Games
France and Germany maintained their 1-2 placings on both the gold medal and medals tables at the Torino 2025 FISU World University Winter Games after six days.
France already grabbed 17 gold, eight silver and nine bronze medals to top both standings, while Germany remained second with six gold, nine silver and seven bronze.