Connect with us

Myanmar

မြန်မာနိုင်ငံက တစ်နှစ်အတွင်း တရားမဝင် ဝင်ရောက်လာသူ ၅၅,၀၀၀ ကျော်အား ပြည်နှင်ဒဏ်ပေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၊ Kunming Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆက်သွယ်ရေးလိမ်လည်မှုသံသယရှိသူတစ်ဦးကို တရုတ်ရဲတပ်ဖွဲ့ အစောင့်အကြပ်ဖြင့် ခေါ်ဆောင်လာသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အစိုးရက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အတွင်း စုစုပေါင်း တရားမဝင် ဝင်ရောက်လာသူ ၅၅,၇၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာအရ သိရသည်။
စုံစမ်းစစ်ဆေးဖော်ထုတ်မှုများအရ ပြည်ပနိုင်ငံသားအများစုသည် ကိုယ်ကျိုးစီးပွားအတွက် တစ်ဆင့်ခံဖြတ်သန်းရာလမ်းကြောင်းများအဖြစ် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
၎င်းတို့အနေဖြင့် တရားမဝင် ဝင်ရောက်လာခဲ့သော်ငြားလည်း အစိုးရအနေဖြင့် ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှုများ စိစစ်ဆောင်ရွက်ကာ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုအား ရှေးရှု၍ ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံ အသီးသီးထံ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း သိရသည်။
တရားမဝင် ဝင်ရောက်လာသူများသည် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ စသည့်နယ်စပ်ဒေသများနှင့် အခြားနယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိခဲ့ကြကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။
အစိုးရအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများတွင် လုပ်ဆောင်လျက်ရှိသော တရားမဝင် ဝင်ရောက်လာသူများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်လျက်ရှိသည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံသားများအနေဖြင့်လည်း အွန်လိုင်းလိမ်လည်မှုများနှင့် လောင်းကစားမှုများ တိုက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)
……………………..
(English Version)
Myanmar deports over 55,000 illegal migrants in over 1 year
YANGON, Jan. 21 (Xinhua) — Myanmar government has sent back a total of 55,711 people to their respective countries between Oct. 5, 2023, and Jan. 13, 2025, the state-run daily Myanma Alinn reported on Tuesday.
Investigations revealed that most foreigners who entered Myanmar illegally used neighboring countries as transit points for personal gain, the report added.
Although they were illegal migrants, the government conducted investigations in accordance with the law and returned them to their respective countries out of consideration for humanitarian reasons and international friendship, it said.
The report added that many of the illegal migrants were involved in online fraud and gambling in border areas.
The government, in cooperation with international organizations, has been actively exposing and taking action against illegal migrants involved in online scams and gambling. Regional organizations and citizens are also urged to cooperate in this regard, it added.
Photo: A telecom fraud suspect is escorted by Chinese police officers at the Kunming Changshui International Airport in Kunming, southwest China’s Yunnan Province, Jan. 30, 2024. (Xinhua/Yin Gang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.