မြန်မာ-ENG
တရုတ်နိုင်ငံ၏ ပထမဆုံး Type 054B ဖရီးဂိတ်စစ်သင်္ဘော Luohe တပ်တော်ဝင်
တရုတ်နိုင်ငံ၏ ပထမဆုံးသော Type 054B ဖရီးဂိတ်စစ်သင်္ဘော Luohe သည် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်) တွင် တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။
သင်္ဘောကိုယ်ထည်အမှတ်- ၅၄၅ ဟု သတ်မှတ်ထားသော Luohe မှာ တန်ချိန် ၅,၀၀၀ ခန့် အလေးချိန်ရှိကာ အဆိုပါ မျိုးဆက်သစ် ဖရီးဂိတ်စစ်သင်္ဘောအား တရုတ်နိုင်ငံက အမှီအခိုကင်းစွာ ဒီဇိုင်းဖန်တီး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေဒါရှောင်ကွင်းနိုင်သော နည်းပညာ၊ တိုက်ခိုက်ရေး ကွပ်ကဲမှုစနစ်များ၊ ပစ်အားပေါင်းစပ်မှု စသည့် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ထားသည့်အတွက် အဘက်ဘက်မှ စွမ်းဆောင်ရည် သိသိသာသာ တိုးမြှင့်ထားခြင်းလည်းဖြစ်သည်။
ယင်းစစ်သင်္ဘောသည် ကျယ်ပြန့်သော တိုက်ခိုက်ချေမှုန်းရေးဆိုင်ရာ စစ်ဆင်ရေးများနှင့် အမျိုးမျိုးသော စစ်ရေးမစ်ရှင်များအတွက် ထက်မြက်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသဖြင့် ရေတပ်အထူးတပ်ဖွဲ့များ၏ ဘက်စုံ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရာ၌ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0E4
#China #Military #Frigate #Commission #တရုတ်နိုင်ငံ #တပ်မတော် #ဖရီးဂိတ်စစ်သင်္ဘော #တပ်တော်ဝင်ခြင်း
…………………..
(English Version)
China’s first Type 054B frigate Luohe commissioned
The Luohe, China’s first Type 054B frigate, was commissioned in the People’s Liberation Army Navy on Wednesday morning in a military port in Qingdao, east China’s Shandong Province.
The Luohe, designated hull number “545,” has a displacement of approximately 5,000 tonnes. This new-generation frigate, independently developed and constructed by China, boasts advancements in stealth technology, combat command systems and firepower integration, significantly enhancing overall performance.
With strong capabilities for comprehensive combat operations and diverse military missions, the warship will play a vital role in enhancing the overall combat effectiveness of naval task forces. xhtxs.cn/0E4
English Caption
China’s first Type 054B frigate, the Luohe, was commissioned in the People’s Liberation Army Navy on Wednesday morning at a military port in Qingdao, east China’s Shandong Province. (Photo by Li Bingxuan/Xinhua)