International Organizations
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ဒါနီ အိုလ်မိုနှင့် ပါအူးဗစ်တာတို့အား ဘာစီလိုနာအသင်း လူစာရင်း၌ မှတ်ပုံတင်မှု မအောင်မြင်
ဘာစီလိုနာအသင်းအနေဖြင့် ကွင်းလယ်တိုက်စစ်ကစားသမား ဒါနီ အိုလ်မိုအား ပထမအသင်းလူစာရင်း၌ မှတ်ပုံတင်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ၎င်းအား ရာသီကုန်အထိ ထည့်သွင်းကစားနိုင်တော့မည် မဟုတ်သဖြင့် ၂၀၂၅ ခုနှစ်ထဲသို့ ရောက်ရှိလာချိန်တွင် ဘာစီလိုနာအတွက် အဆိုးရွားဆုံး အခိုက်အတန့် ဖြစ်ဖွယ်ရှိသည်။
လာလီဂါ၏ တင်းကျပ်သော fair play ဘဏ္ဍာရေးစည်းမျဥ်းများကြောင့် လွန်ခဲ့သော နွေရာသီ၌ ဘာစီလိုနာ၏ တစ်ဦးတည်းသော ကစားသမားခေါ်ယူမှုကို ဒီဇင်ဘာ ၃၁ ရက်အထိသာ မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လကုန်အထိ ဆက်လက်မှတ်ပုံတင်နိုင်ရန်အတွက် အသင်းအနေဖြင့် ထပ်တိုးဝင်ငွေများကို ပြသရန်လိုအပ်မည်ဖြစ်သည်။
…..
— အင်္ဂလန် ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်နီ ပလိုင်းမောက်နည်းပြရာထူးမှ ထုတ်ပယ်ခံရ
အင်္ဂလန် ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်နီမှာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ၎င်း၏နည်းပြဘဝမှာ စိတ်ပျက်ဖွယ်အခြေအနေနှင့် ကြုံတွေ့နေရသည်။
ရွန်နီအနေဖြင့် ပလိုင်းမောက်အသင်းအား ကိုင်တွယ်ရန် ပြီးခဲ့သည့် နွေရာသီတွင် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း အသင်းမှာ ပွဲစဥ် ၂၃ ပွဲ ယှဥ်ပြိုင်ကစားပြီးချိန်တွင် ၁၈ မှတ်သာ ရရှိခဲ့ပြီး အမှတ်ပေးဇယား အောက်ဆုံးသို့ ရောက်ရှိနေသဖြင့် ၇ လအကြာတွင် အသင်းမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
ပလိုင်းမောက်အသင်းမှာ နောက်ဆုံး ၉ ပွဲတွင် ၆ ပွဲ ရှုံးနိမ့်ထားပြီး ချန်ပီယံရှစ်၌ ခံစစ်ပိုင်း အဆိုးရွားဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ပေးဂိုး ၅၁ ဂိုးအထိ ခွင့်ပြုထားရပြီး သွင်းဂိုး ၂၂ ဂိုးသာ ရရှိထားသည်။
…..
— အမေရိကန်က တရုတ်ကို အနိုင်ယူကာ United Cup တွင် ဆီမီးဖိုင်နယ်တက်ရောက်
ဇန်နဝါရီ ၁ ရက်က ယှဥ်ပြိုင်ခဲ့သည့် United Cup တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းပွဲစဥ်များတွင် နာမည်ကျော် အမေရိကန် ကစားသမားများဖြစ်သည့် ကိုကိုဂတ်ဖ်နှင့် တေလာဖရစ်ဇ်တို့က တရုတ်ကစားသမားများ၏ စိတ်လှုပ်ရှားဖွယ် လက်စွမ်းပြနေမှုကို ရပ်တန့်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
အမေရိကန်အနေဖြင့် ကာဇက်စတန်နှင့်အတူ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သလို ၆ ရက်မြောက်နေ့တွင် အုပ်စုပွဲစဥ်များ ပြီးဆုံးသွားပြီဖြစ်ကာ ပိုလန်က ချက်အား ၂-၁ ဖြင့်လည်းကောင်း၊ အိမ်ရှင်ဩစတြေးလျက ဗြိတိန်အား ၂-၁ ဖြင့်လည်းကောင်း၊ အသီးသီးအနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)
…………………………..
(English Version)
Unhappy New Year for Barca as club fails to register Dani Olmo and Pau Victor in squad
FC Barcelona entered 2025 in the worst possible way with the confirmation it will not be able to play attacking midfielder Dani Olmo for the rest of the season after all of its efforts to maintain his registration in its first team squad failed.
Barca’s only signing from last summer was registered in the squad until December 31 due to La Liga’s strict financial fair play rules, with Barcelona needing to demonstrate new income in order to maintain that registration until the end of June.
…..
England legend Wayne Rooney sacked as coach of second tier Plymouth
Former England legend Wayne Rooney’s coaching career looks to be in ruins after he was sacked by Plymouth Argyle on Tuesday.
Rooney leaves the club after only seven months of the three-year contract that he signed in the summer, and with Plymouth bottom of the division, with just 18 points from 23 matches.
It has lost six of its last nine matches and has the worst defensive record in the division, conceding 51 goals, while scoring just 22.
…..
U.S. beats China to reach United Cup semis
Stars Coco Gauff and Taylor Fritz put a halt to China’s stirring United Cup campaign with victories in their singles matches on Wednesday as top seeds United States powered through to the semifinals.
The United States joined Kazakhstan in the final four, while the group stage was also completed on day six with Poland qualifying for the quarterfinals after defeating Czechia 2-1 while host Australia overcame Britain 2-1.