International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်က ဆဲလ်ဘတ်အား ဂိုးပြတ်အနိုင်ရရှိ
ဇန်နဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ဆဲလ်ဘတ်အား အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သဖြင့် ကာလို အန်ဆလော့တီ၏ အသင်းမှာ ရှုံးထွက် (၁၆ သင်း) အဆင့်သို့ play-offs မှတစ်ဆင့် တက်ရောက်နိုင်ရန် နေရာတစ်နေရာ သေချာသွားခဲ့ပြီဖြစ်သည်။
ပွဲချိန် ၂၃ မိနစ်တွင် ရိုဒရီဂိုက ရီးရဲလ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၃၄ မိနစ်တွင်လည်း ၎င်းကပင် ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။
ဒုတိယပိုင်း ပြန်စပြီး ၃ မိနစ်အကြာတွင် ဆဲလ်ဘတ်ဂိုးသမား ဘလက်စ်ဝစ်ချ်၏ အမှားအယွင်းမှတစ်ဆင့် ကီလီယန် အမ်ဘာပေက ခြောက်ကိုက်စည်းထဲမှ အပိုင်ကန်သွင်းကာ တတိယဂိုးသွင်းယူခဲ့သည်။
ပွဲချိန် ၅၅ မိနစ်တွင် ဗင်နီစီယက်စ်က လူကာမိုဒရစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် စတုတ္ထဦးဆောင်ဂိုး သွင်းယူခဲ့သလို ဒုတိယပိုင်း ပွဲပြီးဆုံးရန် ၁၃ မိနစ်အလိုတွင်လည်း ဗင်နီစီယက်စ်ကပင် တစ်ကိုယ်တော်အစွမ်းပြ၍ ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့ကာ ဆဲဘတ်အတွက် နှစ်သိမ့်ဂိုးကိုမူ မက်စ် ဘစ်စထရက်ပ်က မြေမကျကန်ချက်ဖြင့် သွင်းယူခဲ့သည်။
…..
— ဒေ့ါမွန်အသင်းက နည်းပြဖြစ်သူ နူရီဆာဟင်ကို ရာထူးမှထုတ်ပယ်
အသင်း၏ ရလဒ်များ ဆိုးရွားနေခြင်းကြောင့် နည်းပြချုပ်ဖြစ်သူ နူရီ ဆာဟင်အား ရာထူးမှထုတ်ပယ်လိုက်ကြောင်း၊ ယင်းသို့ထုတ်ပယ်မှုမှာ ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေ့ါမွန်က ဇန်နဝါရီ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဒေ့ါမွန်အသင်းမှာ ၂၀၂၅ ခုနှစ်အတွင်း လေးပွဲဆက် ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ပြီးနောက် အသင်းတာဝန်ရှိသူများက ဆာဟင်အား ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၆ နှစ်အရွယ် ဆာဟင်မှာ ယခုနှစ်ဘောလုံးရာသီ မစတင်မီ၌ ဒေ့ါမွန်နည်းပြဟောင်း အီဒင်တာဇစ်၏ အရိုက်အရာကို ဆက်ခံခဲ့သော်လည်း ၎င်းမှာ အသင်းဘက်က မျှော်လင့်ထားသလောက် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေ။ ၎င်းအနေဖြင့် ပြီးခဲ့သည့်နွေရာသီတွင် နည်းပြဖြစ်လာပြီးနောက် ပွဲစဉ် ၂၇ ပွဲ ကိုင်တွယ်ခဲ့ရာ၌ ၁၂ ပွဲသာ အနိုင်ရရှိခဲ့သည်။
…..
— ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆင်နာနှင့် ဆဝိုင်ယာတက်ခ်တို့ ဆီမီးဖိုင်နယ်တက်ရောက်
ဇန်နဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ကြံ့ခိုင်မှုမပြည့်ဝသည့် လက်ရှိချန်ပီယံ ဂျန်းနစ် ဆင်နာက ဆီဒင်-၈ ကစားသမား အဲလက်စ် ဒီမနော်ရာကို ကျော်ဖြတ်နိုင်ခဲ့သလို ဆီဒင်-၂ တင်းနစ်မယ် အီဂါ ဆဝိုင်ယာတက်ခ်ကလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။
ဆီဒင်-၁ ကစားသမား ဆင်နာအနေဖြင့် ယခုပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ် ရှိမရှိဆိုသည့်အပေါ် စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သော်လည်း ဆင်နာက ယင်းစိုးရိမ်မှုများကို ချေဖျက်နိုင်ခဲ့ပြီး အချိန် ၁ နာရီနှင့် ၄၆ မိနစ် ကြာမြင့်သော အဆိုပါပွဲစဉ်တွင် ၆-၃၊ ၆-၂၊ ၆-၁ ဖြင့် လက်စွမ်းပြအနိုင်ရရှိခဲ့သည်။
အမျိုးသမီး တစ်ဦးချင်းပွဲစဥ်တွင်လည်း ဆဝိုင်ယာတက်ခ်က ဆီဒင်-၈ တင်းနစ်မယ် အမ်မာ နာဗာရိုအား ၁ နာရီနှင့် ၂၉ မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၆-၁၊ ၆-၂ ဖြင့် အနိုင်ယူခဲ့သည်။
…..
— ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲတွင် စံချိန်တင်အဖြစ် နိုင်ငံနှင့် ဒေသ ၃၄ ခု ပါဝင်မည်
ဖေဖော်ဝါရီ ၇ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသ ၃၄ ခုမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်မည်ဟု ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ စီစဉ်ကျင်းပရေးကော်မတီ (HAWGOC) ၏ အားကစားရေးရာဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ပမာဏမှာ ဂျပန်နိုင်ငံ ဆပ်ပိုရိုမြို့တွင် ၂၀၁၇ ခုနှစ်၌ ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ၏ စံချိန်ဟောင်းထက် နိုင်ငံနှင့် ဒေသလေးခု ပိုမိုများပြားလာခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲ၌ အာရှတိုက်မှ နိုင်ငံနှင့် ဒေသ ၃၀ အပြင် သမုဒ္ဒရာပိုင်းဒေသမှ ဩစတြေးလျနှင့် နယူးဇီလန်တို့က ဧည့်သည်အဖြစ် ပါဝင်ခဲ့ကာ စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ ၃၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Real Madrid thrashes Salzburg to assure Champions League play-off place
Real Madrid had a comfortable 5-1 win at home to RB Salzburg on Wednesday that assures Carlo Ancelotti’s side at least secures a place in the play-offs for the last 16.
Real Madrid took the lead in the 23rd minute when Rodrygo scored his first goal of the night. The goal saw Madrid take the initiative, with Vinicius firing over and in the 34th minute, Rodrygo doubled the lead.
Kylian Mbappe added a third three minutes into the second half after a bad defensive error saw Blaswich gift him the ball inside the six-yard box.
Vinicius scored Madrid’s fourth in the 55th minute after a pass from Luka Modric put him clean through on goal. The winger scored his second of the game with an excellent individual goal 13 minutes from time, before Mads Bidstrup’s late volley saved some honor for the Austrians.
…..
Dortmund sacks coach Nuri Sahin
Borussia Dortmund has sacked head coach Nuri Sahin with immediate effect due to poor results, the club announced on Wednesday.
After starting the new year with four defeats in a row, BVB officials decided to move on from Sahin. The 36-year-old took over from Edin Terzic just before the start of the season but has since struggled to live up to the high expectations placed on him. He took over in the summer and has since managed just 12 wins in 27 games.
…..
Dominant Sinner, Swiatek power into Australian Open semis
Defending champion Jannik Sinner shrugged off health concerns with an evisceration of eighth seed Alex de Minaur on Wednesday, while women’s second seed Iga Swiatek also stormed into the Australian Open semifinals.
There was speculation that top seed Sinner might not take his place against de Minaur, but he dispelled those fears with 27 winners in a near flawless 6-3, 6-2, 6-1 victory in one hour and 46 minutes.
In the women’s draw, Swiatek showed no mercy against eighth seed Emma Navarro with a 6-1, 6-2 romp in one hour and 29 minutes.
…..
Record-high 34 countries and regions will participate in Harbin Asian Winter Games
The Sports Department of the Harbin Asian Winter Games Organizing Committee (HAWGOC) has announced that 34 countries and regions will participate in Harbin 2025 from February 7-14.
The figure marks an increase of four countries and regions compared to the previous record set at the 8th Asian Winter Games in Sapporo, Japan, in 2017, where 30 Asian countries and regions, alongside two other guest countries from Oceania – Australia and New Zealand – made up a total of 32 participating delegations.