Africa & Middle East
အစ္စရေးက အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့အား ဒုတိယမြောက်နေ့အဖြစ် စီးနင်းတိုက်ခိုက်၊ လူ ၁၀ ဦးကို သုတ်သင်ခဲ့ဟု အစ္စရေးစစ်တပ် ပြော
အစ္စရေးအနေဖြင့် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ခဲ့ကာ လူ ၁၀ ဦးထက်မနည်းကို သုတ်သင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ ပါလက်စတိုင်း သတင်းရင်းမြစ်များကမူ ဒဏ်ရာရရှိသူမှာလည်း ဒါဇင်ပေါင်းများစွာရှိကြောင်း ပြောဆိုထားသည်။
ဇန်နဝါရီ ၂၁ ရက်၌ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်က လူ ၁၀ ဦးကျော်အား သုတ်သင်ခဲ့ကာ ၎င်းတို့အားလုံးမှာ စစ်သွေးကြွများဖြစ်သည်ဟု အစ္စရေးကာကွယ်ရေးတပ် (IDF) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်များ၏ အခြေခံအဆောက်အအုံများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သွေးကြွများ တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်း အများအပြားကိုလည်း ရှင်းလင်းဖယ်ရှားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပါလက်စတိုင်း အစိုးရသတင်းဌာန Wafa ကမူ အစ္စရေးစစ်တပ်၏ လက်ချက်ကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးကာ နောက်ထပ် ၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0Gj
…………………………….
(English Version)
Israeli raid in West Bank’s Jenin enters second day, 10 killed: army
Israel continued its military operation in the occupied West Bank city of Jenin for a second day, killing at least ten people, the military said on Wednesday. Palestinian sources also reported dozens of injuries.
The Israel Defense Forces (IDF) said in a statement that since the operation began on Tuesday, Israeli forces had killed more than 10 people, all of whom it said were militants. The statement added that aerial strikes targeted “terror infrastructure sites” and that numerous explosives planted by militants were dismantled.
The official Palestinian news agency Wafa reported that the troops killed at least nine people and injured 40 others. xhtxs.cn/0Gj
English Caption
Israeli military vehicles are seen during an Israeli military operation in the West Bank city of Jenin, on Jan. 22, 2025. (Photo by Nidal Eshtayeh/Xinhua)