Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် လီဗာပူးလ်၊ အာဆင်နယ်နှင့် မန်စီးတီးတို့ အသီးသီးနိုင်ပွဲရရှိ

ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းက တန်းဆင်းဇုန် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အစ်ပ်ဆွစ်တောင်းအား အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ယူကာ အာဆင်နယ်အား ခြောက်မှတ်ဖြတ်၍ အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်လျက်ရှိသည်။
အာဆင်နယ်အသင်းကလည်း ဝူလ်ဗာဟမ်တန်အား အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ လီဗာပူးလ်အား ဆက်လက်ဖိအားပေးလျက်ရှိသည်။ သို့သော် ဝုဖ်နောက်ခံလူ မတ်ထ်ဒိုဟာတီကို ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းကြောင့် နောက်ခံလူ မီလက်စ် လူးဝစ္စ-စကယ်လီ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် အာဆင်နယ်အသင်း နိုင်ပွဲရရှိရန် အကြိတ်အနယ် ကစားခဲ့ရသည်။
မန်ချက်စတာစီးတီး အသင်းကလည်း ချဲလ်ဆီး၏ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်သွင်းယူကာ အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး ဇန်နဝါရီ ၂၂ ရက် ချန်ပီယံလိဂ်ပွဲစဉ်၌ ပီအက်စ်ဂျီအား ရှုံးနိမ့်မှုမှ ပြန်လည်ရုန်းထနိုင်ခဲ့သည်။
…..
— ရီးရဲလ်မက်ဒရစ်က အမ်ဘာပေ၏ ဟက်ထရစ်သွင်းဂိုးဖြင့် လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်
ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါ ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က အမှတ်ပေးဇယား အောက်ဆုံးမှ ဗယ်လာဒိုးလစ်အား ကီလီယန် အမ်ဘာပေ၏ ဟက်ထရစ်သွင်းဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်ဆုံးတွင် လေးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။ အက်သလက်တီကို မက်ဒရစ်မှာမူ အိမ်ကွင်း၌ ဗီလာရီးရဲလ်အား သရေကျခဲ့သည်။
…..
— ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲတွင် မက်ဒီဆင်ကီးစ်က ဆာဘလန်ကာအား အနိုင်ယူကာ ပထမဆုံး ဂရင်းစလင်းချန်ပီယံဆု ဆွတ်ခူး
ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲတွင် အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီးစ်က ဆီဒင်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာအား အနိုင်ယူကာ ၎င်း၏ပထမဆုံး ဂရင်းစလင်း ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ ယခုရှုံးပွဲကြောင့် ဆာဘလန်ကာမှာ ၂၆ နှစ်အတွင်း ဩစတြေးလျအိုးပင်း ဆုဖလားကို သုံးကြိမ်ဆက် ဆွတ်ခူးနိုင်သော ပထမဆုံးတင်းနစ်မယ် ဖြစ်လာမည့် အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ဆီဒင်-၁၉ တင်းနစ်မယ် မက်ဒီဆင်ကီးစ်အနေဖြင့် ပွဲအစမှအဆုံးအထိ အကောင်းဆုံးလက်စွမ်းကို ထိန်းထားနိုင်ခဲ့ကာ ဆာဘလန်အား ၆-၃၊ ၂-၆၊ ၇-၅ ဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီး ရော့ဒ်လေဗာ အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါဗိုလ်လုပွဲမှာ အချိန် ၂ နာရီနှင့် ၂ မိနစ်ကြာမြင့်ခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။
…..
— ၂၀၂၅ ခုနှစ် အင်ဒိုနီးရှား မာစတာစ် ကြက်တောင်ပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲ၌ တရုတ်ကစားသမားများ ဗိုလ်လုပွဲတက်ရောက်
ဇန်နဝါရီ ၂၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အစ္စတိုရာ ဆီနာယန် အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အင်ဒိုနီးရှား မာစတာစ် ကြက်တောင်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ကျင်းပခဲ့ရာ တရုတ်ကြက်တောင်ကစားသမားများက ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)

…………………………………..

(English Version)
Liverpool cruise, Arsenal dig deep and Man City fight back in Premier League
Liverpool secured a comfortable 4-1 victory over relegation-threatened Ipswich Town at home, maintaining their six-point lead over Arsenal at the top of the Premier League.
Arsenal kept pace with Liverpool, but had to dig deep to win 1-0 away to Wolverhampton Wanderers after seeing defender Myles Lewis-Skelly shown a direct red card for tripping Wolves’ defender Matt Doherty.
Manchester City bounced back from Wednesday’s painful Champions League defeat to Paris Saint-Germain, overcoming an early goal conceded to Chelsea to secure a decisive 3-1 victory at home.
…..
Mbappe scores hat-trick as Real Madrid extend lead at top of La Liga
Kylian Mbappe scored a hat-trick as Real Madrid moved four points clear at the top of La Liga with a comfortable away win against bottom of the table Valladolid, while Atletico Madrid were held at home to Villarreal.
…..
Keys stuns Sabalenka in Australian Open final to win her first Grand Slam title
American Madison Keys, 29, lifted her first Grand Slam trophy on Saturday after denying top seed Aryna Sabalenka from becoming the first woman in 26 years to claim three consecutive Australian Open titles.
The 19th seed started and finished strongly to stun Sabalenka 6-3, 2-6, 7-5 in a nerve-jangling final lasting two hours and two minutes on Rod Laver Arena.
…..
Chinese shuttlers advance to mixed doubles final at 2025 Indonesia Masters
The 2025 Indonesia Masters semifinals were held in Jakarta on Saturday at the Istora Senayan Sports Stadium, with the Chinese shuttlers securing a spot in the mixed doubles final.

 

 

 

 

 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.